Chapter 44 The Scum
December 06, 2023
Chapter 44အပြင်ဘက်၌ နေသာနေသော်လည်း အစည်းအဝေးအတွင်း၌ အေးစိမ့်နေလေသည်။ နည်းပညာဌာနမှာ ပြဿနာတစ်ခုဖြစ်ပွားခဲ့ပြီး အစည်းအဝေးခန်းထဲမှ လူအားလုံးသည် ချင်းယောင်၏ မျက်နှာကို ကြည့်ရန် အလွန်ကြောက်ရွံနေခဲ့ကြသည်။ သူတို့သည် ချင်းယောင် အပြစ်ရှာသည်ကို ဆက်လက်စောင့်ဆိုင်းနေကြသည် ။ သို့သော် အချိန်အတန်ကြာသည်အထိ ချင်းယောင်စကားပြောသည်ကို မကြားကြရပေ။ ထို့ကြောင့် မော့ကြည့်လိုက်ရာ ချင်းယောင်က သူ၏ဖုန်းကို ကြည့်နေသည်ကို တွေ့လိုက်ကြရသည်။
ထူကျစ်ဖန်သည် ကုမ္ပဏီကို ချင်းယောင်နှင့်အတူ တည်ထောင်ခဲ့သူဖြစ်သည်။ ချင်းယောင်သည် ငွေကြေးနှင့် နည်းပညာကို အဓိကပေးကာ သူက ကာစတန်မာများကို ဆက်သွယ်ခြင်းနှင့် သက်ဆိုင်သည့်ကိစ္စရပ်တွေကို စီမံခြင်းအတွက် တာ၀န်ယူထား၏။ သူသည် ချင်းယောင်ကို သတိမပေး၍ မရတော့ဘဲ "မစ္စတာချင်း အစည်းအဝေးကို ဆက်လုပ်ဦးမှာပါလား"
သူတို့နှစ်ဦးသည် ဆက်ဆံရေးကောင်းမွန်ကြသော်လည်း ကုမ္ပဏီမှာတော့ သူ့အား ဥက္ကဌချင်းဟူ၍ ခေါ်ရမည်ဖြစ်၏။
သူကသာမန်ကာမျှ မေးလိုက်သော်လည်း ထင်မထားသည်မှာ ချင်းယောင်က စာအနည်းငယ်ရိုက်ပြီးသည့်နောက် ခေါင်းမော့လာကာ ပြောလာခဲ့သည်။
" မလုပ်တော့ဘူး"
အစည်းအဝေးခန်းထဲမှသူများ "...."
ချင်းယောင်သည် တည်ငြိမ်စွာဖြင့် ပြောလိုက်၏။
"လူနှစ်ယောက်..ငါ နဲ့ အတူ လာပြီးကြက်သားဂိမ်းလာဆော့ "
"......"
'ဘာ၊ ဘာကိုကစားရမယ် ဘာတဲ့၊ကြက်သားဂိမ်းတဲ့လား '
ဘရန်းမန်နေဂျာများ၊PRဌာနမှ ဆွေးနွေးအတိုင်ပင်ခံများနှင့် အစည်းအဝေးခန်းမှထဲများ တခြားသူအားလုံးသည် ရှုပ်ထွေးမှင်တက်ပြီး တုန်လှုပ်နေကြသည်။ သူတို့တွေသည်လည်း ကြက်သားစားရသည့်ဂိမ်းကို ဆော့ကြပါ၏။ သူတို့တွေသည် ဂိမ်းလောကထဲမှာရှိနေကြရာ မစ္စတာချင်းသည် ပိုက်ဆံအလွန်အကျွံသုံးသည့် လူနေမှုမြင့်သော နေထိုင်မှုပုံစံရှိမည်ဟုထင်ခဲ့ကြကာ အခုလိုမျိုး ဂိမ်းထဲ၌ မိန်းကလေးတွေနှင့် အီနေမည့် အိုတာကုပုံစံမျိုးဟု မထင်ခဲ့ကြချေ။
YOU ARE READING
ဆန်ကုန်မြေလေးတွေကခွင့်လွတ်ဖို့တောင်းခံနေကြတယ်
General Fictiontranslation novel အသစ်လေးဖတ်ပေးကြပါဦးနော် 😊