💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _1"သမီးလေး ငြိမ်ငြိမ်နေလေ ဒီမှာမေမေ ခေါင်းကို ဆီထည့်ပေးနေတယ်လေကွယ် "
မှန်တင်ခုံရှေ့မှာထိုင်ကာ ရေဒီယိုကလာသော သီချင်းမြူးမြူးလေးဖြင့် သမီးဖြစ်သူ
ဆက်သီရိခေတ်ရဲ့ ခေါင်းလေးက တလှုပ်လှုပ်ဖြစ်နေတော့ ဒေါ်မြတ်လေးက ခေါင်းကို ဆီထည့်နေပေးရတာ မလွယ်...."မေမေ့ ဆက်ဆက်လည်း နောက်နှစ်ဆို ကိုကိုတို့ ကျောင်းမှာ တက်ရတော့မှာနော် "
"အင်းပေါ့ မေမေ့သမီးလေးက နောက်နှစ်ဆို Kg စတက်ရပြီလေ ကျောင်းသူကြီး ဖြစ်တော့မှာ"
ပါးအိအိလေးကို ချစ်စနိုးနမ်းရင်း ပြောလိုက်တော့ သမီးလေး ဆက်ဆက်က သဘောကျစွာ တခစ်ခစ်ရယ်လေသည်....
"မေမေ့ မြန်မြန်ဖြီးပေး ကိိုကိုကျောင်းက ပြန်လာတော့မယ် ဆက်ဆက်က သွားကြိုမလို့ "
"ဟုတ်ပါပြီ မမဆက်ဆက်ကလေးရယ် ငြိမ်ငြိမ်လေး နေတော်မူပါရှင့် "
၄နှစ်သမီးလေးကို ပခုံးလောက်ထိ ရှည်တဲ့ ဆံပင်ဝဲဝဲလေး ထားပေးကာ ရှေ့က ဆံမြိတ်ကို ထူထူလေး ချထားပေးတော့ သမီးရဲ့ပုံစံလေးဟာ အရုပ်မလေးလို ချစ်ဖို့ကောင်းလှသည်...အစ်ကိုဖြစ်သူနဲ့ ဖခင်ဖြစ်သူရဲ့ အသည်းစွဲလေးဖြစ်တဲ့ ဆက်သီရိခေတ်ကတော့ အိမ်ရဲ့ဆည်းလည်းလေးပင် ဖြစ်သည်.....
"ပွမ် ...ပွမ်"
"ဟော မေမေရေ ကိုကို့ ကျောင်းက ဖယ်ရီလာပြီ "
တစ်ဖက်ကို သားရေပင်ကွင်းသေးသေးလေးဖြင့် စည်းပေးနေတာတောင် မပြီးသေး သားကြီးရဲ့ Ferry ကားသံ ကြားတာနဲ့ သမီးဖြစ်သူကတော့ ခုန်ပေါက်ကာ အခန်းထဲကနေ ထွက်သွားလေတော့သည်....
ဆက်ဆက်ခြံဝကို ရောက်တာနဲ့ ကိုကို့ရဲ့ဖယ်ရီကားတံခါးက လျှောကနဲ ပွင့်ကျလာလေသည်...ကတ္တီပါဖိနပ် စိုနက်နက်လေးနဲ့ လိုက်ဖက်တဲ့ ခြေထောက်ဖြူဖြူ တစ်စုံဟာ ကွန်ကရစ်လမ်းပေါ်ကို ဆင်းလာလေသည် ပုဆိုးစိမ်းစိမ်း အင်္ကျီဖြူဖြူနဲ့ ကိုကိုဟာ မနက်က ကျောင်းသွားတုန်းကအတိုင်း မညစ်မပေ
သန့်ပြန့်လို့ နေပါသည်....
![](https://img.wattpad.com/cover/380593872-288-k169153.jpg)
YOU ARE READING
💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
Romanceကိုယ်က မင်းရဲ့နေမင်းကြီး မဖြစ်ရရင် နေပါစေ ....နေဝင်စားတဲ့လတော့ မဖြစ်ချင်ဘူးကွာ.... ကိုယ့်အလင်းရောင်နဲ့ မင်းရဲ့အကြည့်လေး ခလုတ်တိုက်မိရင်ကို ကျေနပ်ပါပြီ....... Start date _Oct 29 2024 End date _