Part _ 38

23.4K 923 199
                                    

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 37

"လရောင် မင်းငါ့ကို မပြတ်တမ်း အကဲခတ်နေနော် အခြေအနေ မဟန်တာနဲ့ အသာလေး အပြင်ကို ခေါ်ထုတ် ... လူကြားထဲမှာ လဲကျသွားလို့ မဖြစ်ဘူး ငါ့ညီမနဲ့  ငါ့မိဘတွေ အရှက်ကွဲလိမ့်မယ် "

"မဟာရာ မင်းကွာ"

သူငယ်ချင်း အရင်းခေါက်ခေါက်ကြီး မဟာမင်းခတ်တစ်ယောက် အလဲလဲအပြိုပြို ဖြစ်နေတာကို မြင်တွေ့နေရတာ ထွန်းလရောင် စိတ်ဆင်းရဲလှသည် ...
ဒီလောက်သွေးအေးပြီး တည်ငြိမ်လှတဲ့ကောင်က သွေးပျက်နေရှာတာကို ဘာမှ လုပ်မပေးနိုင်တဲ့ အတွက် လရောင် ကိုယ့်ဟာကိုယ် စိတ်ပျက်လှသည်...

ဒါတွေရဲ့တရားခံ ဖြစ်တဲ့ ဆက်ဆက်ကို မကြည်ကြည့် လှမ်းကြည့်လိုက်မိတော့..

"အာ"

အသံ ဆက်မထွက်လာအောင် ကိုယ့်ပါးစပ်ကို မနည်း ပိတ်ထားလိုက်ရသည် ..ဘေးက မဟာကို ကြည့်ကာ သနားနေတဲ့ လရောင်တစ်ယောက်
ဆက်သီရိခေတ်ရဲ့ မျက်နှာကို အမြင်မှာတော့ အော်ငိုချင်စိတ်ပါ ပေါက်သွားရတော့သည် ....

မျက်နှာလေး ဖြစ်ပျက်နေရှာပုံက သူတွေ့ဖူး မြင်ဖူးနေကျ စွာတေးလန်လေး ဆက်သီရိခေတ် မဟုတ်တော့ဘဲ တစ်ခုခုနဲ့ ထိမိ ခိုက်မိရင် ဖောင်းကနဲ ပေါက်ကွဲတော့မည့် ပူဖောင်းလေးလို ဖြစ်နေရှာလေသည်....  သူမရဲ့ မျက်လုံးလေးတွေက မဟာဆီမှာ ... တောင်းပန်ပါတယ်လို့ ပြောနေရှာတဲ့ မျက်လုံးလေးတွေမှာ မျက်ရည်တွေက အပြည့် သူတောင် ဘေးကနေ နားလည်နေမှတော့ မဟာလည်း...

"အင်း ...ဟင်း"

"ဟာ ဟေ့ကောင် ..... မဟာ  သားကြီး လာ အပြင်ထွက်ရအောင်"

မဟာက ရင်ဘတ်ကို ဖိထားပြီး ညည်းသံလိုလို ခပ်သဲ့သဲ့ ထွက်လာတာကြောင့် အနားကနေ တစ်ချိန်လုံး အကဲခတ်နေတဲ့ လရောင်က  ခန်းမအပြင်ကို မသိမသာ ခေါ်ထုတ်လာခဲ့ရသည် ....တစ်ကိုယ်လုံး နီရဲနေပြီး ကြည့်ရက်စရာ မရှိတော့လောက်အောင် မျက်နှာပျက်ရှာနေတဲ့ မဟာကိုကြည့်ကာ  လရောင် သနားလှသည်...

ကားပေါ်တက်ကာ မောင်းထွက်လာပြီး ဦးတည်ရာမဲ့ မောင်းနေရင်း အင်းလျားကန်ရှေ့ကို ရောက်တော့...

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦Where stories live. Discover now