Part _12

19.8K 856 96
                                    

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 12

"ဆက်ဆက်ကို သိလားဟင် အဲဒါ ဟန်လေး အိမ်နာမည်တို့ ဒါမှမဟုတ် ငယ်ငယ်က နာမည်လားဟင် "

"ချလွမ်း"

ရဲရန်ထွဋ်လက်ထဲက ဟင်းခပ်ဇွန်းက အောက်ကြမ်းပြင်ပေါ်သို့  ပြုတ်ကျသွားပြီး ထွဋ်မြတ်နိုးဟန်ကို မျက်လုံးပြူးကာ ကြည့်နေမိရင်း ချက်ချင်း မျက်နှာကို  ပြင်လိုက်ကာ...

"ဘယ်က ဆက်ဆက်လဲ "

"ဒါဆို ဟန်လေး ငယ်ငယ်က ကိုကြီးကို ကိုကိုလို့ရော ခေါ်လားဟင် "

"ဟင်"

"ကိုကြီး"

"ဟန် ...ဟန်လေး ဘာတွေလာမေးနေတာလဲ"

မျက်နှာကို အတည်ငြိမ်ဆုံး ဟန်ဆောင်လုပ်ယူကာ တုန်နေသော လက်ကို ဟန်လေးမမြင်အောင် နောက်သို့ ဖွက်လိုက်ရင်း
အနီးဆုံး ခုံတစ်လုံးမှာ ဝင်ထိုင်လိုက်ရသည်....

" ဟန်လေးမေးတာ ဖြေလေ ကိုကြီး "

"ညည်းလေး မေးတာ ကျုပ်မှ နားမလည်တာ ဘာတွေ လာမေးနေမှန်းကို မသိဘူး "

ကိုကြီးရဲ့ အဖြေကြောင့် ဟန်လေး ကိုယ်တိုင်လည်း သက်ပြင်း ခပ်ရှည်ရှည်လေးချလိုက်ရင်း...

"ဟင်းးးးး ဟုတ်မှာပါလေ ဟန်လေးက အဆက်အစပ် မရှိတဲ့ အိမ်မက်တွေ မက်နေတာ"

ဟန်လေးစကားကြောင့် ရဲရန်ထွဋ်  မျက်လုံး ပြူးသွားကာ...

"အိမ်မက်ဟုတ်လား ညီမလေး ဘာ... ဘာအိမ်မက်လဲ "

"ခဏခဏမက်နေတာ ကိုကြီးရဲ့ စပြီး မက်ဖူးတာက ဖေဖေ့ဆီကိုလာ ဆိုပြီး မက်တာ ဒါပေမယ့်လေ ဖေဖေက ဟန်လေးဖေဖေလည်း မဟုတ်ဘူး နောက်ပြီး ဆက်ဆက်ဆိုတဲ့ ကလေးမလေး တစ်ယောက်ကလေ ဟန်လေးရဲ့ ငယ်ရုပ်နဲ့ အတူတူပဲ အိမ်မက်ထဲမှာ စကားပြောရင် ဆက်ဆက်လို့ပဲ သူ့ကိုယ့်သူ ပြောတာ ပြီးတော့ အဲဒီဆက်ဆက်နားမှာ ကိုကို တစ်ယောက် ရှိတယ် "

ရဲရန်ထွဋ်ရင်ထဲမှာ ပူနေပြီး ပျာလောင်ခတ်နေတာကို မပေါ်လွင်အောင် မနည်းဖုံးဖိနေရလေသည်....အိမ်ရောက်ခါစက ကိုကို့ဆီပို့ပေး မေမေ့ဆီပို့ပေးဆိုတဲ့ အသံလေးကို နားထဲမှာ ပြန်ကြားယောင်လာကာ  တစ်ကိုယ်လုံး တရှိန်ရှိန် ပူနေပြီး ရင်ဘတ်ထဲ မွန်းကြပ်နေတာ ရှေ့က  ကလေးလေး သိရဲ့လား...

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦Where stories live. Discover now