The End

35.8K 1.3K 125
                                    

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 60 (The End)

"ဘာဘာရေ"

"ရာရာ လေးရေ ကယ်ကြီးလာတယ်ဟေ့"

"ဘာဘာ  ရာရာ"

"ဟေး ကယ်ကြီးလာပြီ"

သူ့အသံကြားတာနဲ့  အိမ်ထဲကနေ ဝမ်းသာအားရ ပြေးထွက်လာပြီး သူ့အပေါ်ကို ခုန်တက်လာတဲ့  တူတော်မောင်ကြောင့် ရဲရန်အမြန် ထိန်းပွေ့လိုက်ရသည်။

"ဟေ့ကောင် သားကြီး အဲလိုကြီး ခုန်မတက်နဲ့လေကွာ မင်းကယ်ကြီး ခါးနာသွား ဦးမယ်"

အသံနဲ့အတူ မဟာပါ အိမ်ထဲကနေ ထွက်လာလေသည်။

"ရပါတယ်ကွာ"

"ဖေဖေရော ရဲရန်"

"လာလိမ့်မယ် လမ်းထိပ်မှာ ကားပိတ်လို့ ခဏရပ်စောင့်နေရတုန်းက ဆင်းသွားပြီးတော့ ကိုဟန်ခမ်းတို့အိမ်ကို ဝင်သွားတယ်"

"ကိုဟန်ခမ်းဆိုင်ကို လာတဲ့ customer ကများတော့ လမ်းက အဲဒီထိပ်မှာ ever ပိတ်တာ ဒီလူကို တကယ် အားကျတယ်ကွာ မိန်းမနားကနေ မခွာရဘဲ အိမ်မှာတင် အလုပ်တွေ ဖြစ်နေတာ"

"အေးကွ အဲဒါတော့ ဟုတ်တယ် အေးလေ ရောင်းရဆို သူ့ဆိုင်က ပန်းတွေက အမျိုးအစားကစုံ စျေးကလည်းသင့်တော့ ရောင်းရတာပေါ့ .. သူ့ခြံထွက် ကော်ဖီကလည်း တကယ့် ရှယ်ကြီးကွ အနံ့က ရေလည်မိုက်တာ မွှေးနေရော"

"အေးကွ ငါဆို အခု ကြောင်ချေးကော်ဖီ တောင် မသောက်တော့ဘူး ကိုဟန်ခမ်းရဲ့ နန်းစမ်ခမ်း ကော်ဖီကို ပိုကြိုက်နေပြီ"

"အင်း ငါရောပဲ"

မဟာမင်းခေတ်ရဲ့ ဆံပင်တွေက ပွယောင်းနေပြီး လက်မှာ နို့ဘူးက တစ်ဖက် အငယ်ကောင် ရာရာ က တစ်ဖက်မို့ ရဲရန်ထွဋ် သဘောကျစွာ ပြုံးမိသည်။

"ဘာပြုံးတာလဲ ရဲရန်"

"မင်းကို သဘောကျလို့ပါကွာ ဒီလောက်တောင် အမြဲတမ်း သပ်ရပ်ကျော့မော့ပြီး လန်ထွက်နေတဲ့ကောင်က ကလေးအဖေ ပီသလွန်းနေလို့  သဘောကျပြီး ပြုံးတာ"

"ဆက်ဆက် မပင်ပန်းစေချင်ဘူးလေကွာ အချိန်ရတာနဲ့ ငါ နိုင်သမျှ အကုန်ကူတာပဲ"

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦Where stories live. Discover now