Part _58

24.2K 1K 108
                                    

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 58

မဟာမင်းခေတ်နိုးတာနဲ့ ဘေးကိုကြည့်လိုက်တော့ လွတ်နေတဲ့နေရာလေးကြောင့် သူ့မျက်လုံးကို အားယူဖွင့်လိုက်ရသည်...
ဘေးမှာကတော့ သားဘာဘာလေးက ပါးစပ်လေးဟကာ အိပ်လို့ကောင်းတုန်း....

"သဲကလည်း အေးဆေးမှထပါဆိုကွာ "

မျက်နှာမြန်မြန်သစ်သွားတိုက်ကာ အောက်ထပ်ကိုဆင်းလာတော့ မီးဖိုခန်းထဲ မေမေနှင့်မခိုင်သာရှိလေသည်...

"မေမေ ဆက်ဆက်ရော "

"ခြံထဲဆင်းသွားတယ်နဲ့တူတယ်သားရေ "

မနေ့က မေမေတို့အိမ်လာလည်ရင်း ဖေဖေနဲ့ဘာဘာဆော့ကြရင်း ဘာဘာကအိပ်ပျော်သွားတော့ ဒီတစ်ညအိပ်သွားဟုပြောတာကြောင့် ညအိပ်ဖြစ်သွားကြသည်...

ခြံထဲဆင်းရှာနေလည်း မတွေ့တာကြောင့် သူနဲ့ဆက်ဆက်ရဲ့ ကမ္ဘာငယ်လေးဆီရောက်နေလားဟုထင်ကာ သွားကြည့်တော့ ဟုတ်နေလေသည်...
ကြက်မွှေးတစ်ချောင်းဖြင့် သန့်ရှင်းရေးလုပ်နေပုံရလေသည်....

"သဲ....အိပ်ရေး ဝဝ အိပ်ပါဆို အစောကြီး ဘာထလုပ်တာလဲကွာ "

"ဟင် ကိုကိုလည်း စောထလာပြီးတော့  "

"သဲမှ ဘေးနားမရှိတော့တာ "

"ဒီအိမ်ရောက်တုန်းလေး သန့်ရှင်းရေးလုပ်ချင်လို့ပါ ကိုကိုရဲ့ "

"မပေါ့မပါးကြီးနဲ့ကိုကွာ "

"သုံးလဗိုက်ပါ ကိုကိုရယ် "

"မနေ့ကထိ အန်နေတာကိုကွာ "

"ဒီမနက်လည်း အန်တယ် ဆေးသောက်လိုက်တော့ ပြန်လန်းသွားပါပြီ ကိုကိုရဲ့ "

ဆက်ဆက်ကပြောနေရင်း ကြက်မွှေးလေးနဲ့ နံရံထက်က သူတို့နှစ်ယောက် ငယ်ငယ်ကပုံလေးတွေကို သုတ်နေလေသည်...

အနောက်ကနေသိုင်းပြီးပွေ့လိုက်ကာ ချီမြှောက်လိုက်တော့...

"ကိုကိုး "

"ငြိမ်တော့ကွာ "

သူကအရင်ထိုင်ချလိုက်ကာ သူမလေးကို ပေါင်ပေါ်တင်ထားပြီး ခါးလေးကနေ ပွေ့ဖက်ထားလိုက်သည်...
ကုပ်ပိုးလေးကနေ နမ်းရှိုက်လိုက်ကာ ပါးပြင်အိအိကို ဖွဖွလေးကိုက်တော့ မျက်နှာသစ်ဆပ်ပြာရနံ့သင်းသင်းလေးနဲ့ သွားတိုက်ဆေးအနံ့လေးက မွှေးနေလေသည်....

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦Where stories live. Discover now