Part _ 48

27.2K 1.1K 156
                                    

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 48

"ငါကိုယ်တိုင် သားနဲ့မင်းကို DNAစစ်မယ်
မဟာမင်းခေတ် "

"အဖြေထွက်လာလို့ ငါထင်သလိုသာဖြစ်လာခဲ့ရင် မင်း ငါ့လက်နဲ့သေဖို့ပြင်ထား မဟာ''

"အေး စစ်ကွာ ငါလည်း သိချင်လွန်းလို့  ရူးတော့မယ်...ဟိုရက်က ဆက်ဆက်ပြောတဲ့စကားက သံသယ ဖြစ်စရာကောင်းနေတော့ ငါမေးချင်လွန်းလို့ တစ်ညလုံး မအိပ်ဘဲ ထိုင်စောင့်နေခဲ့တာ...မနက် ဆက်ဆက် အခန်းထဲက ထွက်လာတာနဲ့ ငါ မသိမသာ မေးကြည့်တယ်"

"အင်း...  အဲဒီတော့..."

"မင်းညီမက လုံးဝကို ဟန်မပျက်ဘူးကွာ ဒီထက် ပိုမေးလိုက်လို့လည်း မကောင်း"

"နေအုံး နေအုံး ငါသိချင်တာကို  .. အရင်ဖြေ မင်းက ဘာကို သံသယဝင်တာလဲ"

"ဟို .. ငါ ငါက မူးရင် အရမ်းပူတတ်တယ် ဆိုတာကို ဆက်ဆက်က သိနေတယ်"

"အာ  မင်းမျက်ခွက်ကြီးကို ငါ လက်သီးနဲ့ ထိုးမိတော့မယ် မဟာ...မင်းမူးတာက ဘယ်တုံးကလဲ အဲဒီတုန်းက မင်းဘာတွေ လုပ်လိုက်မိတာလဲ"

"ငါ မမှတ်မိလို့ ခက်နေတာပေါ့ ရဲရန်ရာ .. အဲဒီနေ့တုန်းက ဖြစ်တာကို အိမ်မက်လား တကယ်လား မသဲကွဲလို့ ငါ နိုးလာတာနဲ့ ... ဆက်ဆက်ကို မေးမလို့ သွားတယ်... သူက အဲဒီအချိန်မှာ ကိုတေဇာနဲ့ သွားတွေ့နေတော့ ငါ မေးဖို့ အခွင့်အရေးကို မရလိုက်ဘူး ..နောက်ရက်တွေ လာတော့လည်း သူ့အနားမှာ လူက မပြတ်ဘူး"

"တောက်  မင်း အရူးပဲ မဟာ မင်းကိုငါ ဟိုရက်က မေးပါသေးတယ် မင်းပဲ ဖြူစင်လှချည်ရဲ့ဆို"

"ငါ အသိစိတ် ရှိနေသမျှ ငါ့ဘဝမှာ ဒါမျိုး ဘယ်တော့မှ ကျူးလွန်မှာ မဟုတ်ဘူး 
ရဲရန် ... အကယ်၍ ဖြစ်ခဲ့ရင်လည်း ဆက်ဆက်က ..."

"တော်စမ်းကွာ ...ဟိုက မိန်းကလေးကွ  ဘယ်လို အရှက်နည်းမှုမျိုးနဲ့  မင်းကို လာပြောမှာလဲသူက"

ရဲရန်က တော်တော် ဒေါသထွက်နေကာ ခါးထောက်ပြီး စဉ်းစားနေလေသည်။ခဏနေတော့ ဆေးရုံခန်းထဲက ဘီရိုကို ဖွင့်ကြည့်ပြီး တစ်ခုခုကို ရှာနေလေသည်။နားကြပ်တံဘူးလေးတွေ့တော့ တစ်ချောင်းဆွဲထုတ်ကာ  သားသားနှုတ်ခမ်းကို အသာအယာလေး လှန်ပြီး သွားဖုံးကြားကို နားကြပ်တံနဲ့ ဆွဲခြစ်နေ၏။မျက်နှာက မဟာဘက်ကို လှည့်လာပြီး..

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦Where stories live. Discover now