💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 27ဆက်ဆက်မျက်ရည်တွေ အိကနဲ ပြိုကျစီးဆင်းလာကာ...
"ဆက်ဆက် ဆက်ဆက်မသိလို့ပါ မေမေရယ်....ဆက်ဆက် မြေပဲကို ထည့်ပြီး ဆီသတ်မိတယ်
အ ဟင့် ဟင့် ဟင့် ""ဘုရားရေ "
မေမေက ရင်ဘတ်လေးဖိကာ ဘုရားတလိုက်တော့ ဆက်ဆက် ပိုပြီးတော့ ငိုချင်လာရတော့သည်...ဆက်ဆက်ရဲ့ လက်တည့်စမ်းလိုက်မှုက ကိုကို့အသက်ပါ ပါနိုင်လောက်သည်အထိ ဖြစ်သွားရတာကြောင့် ရင်ထဲမှာ မကောင်းဖြစ်နေရတဲ့အပြင်
မထူးဝင့်ထည်လို အပြင်လူကတောင် ကိုကိုက ဘာနဲ့တည့် မတည့်ဆိုတာကို သိနေတာကြောင့် ပိုပြီး စိတ်မကောင်း ဖြစ်မိလေသည်.....
မုန့်ဟင်းခါးကို အရသာ အသစ်အဆန်း စားတတ်သော ဆက်ဆက်ကို ကိုကြီးက ကြက်သားမုန့်ဟင်းခါးတို့ မြေပဲမုန့်ဟင်းခါးတို့ ခဏခဏ ချက်ကျွေးတတ်သည်...
အခုလည်း အရသာကို လေးလေးဆိမ့်ဆိမ့်လေး ဖြစ်အောင် မြေပဲကို ထောင်းထည့်လိုက်တာက ဆက်ဆက်ချစ်ရတဲ့ ကိုကို့ ကို ဒုက္ခပေးသလို ဖြစ်သွားလေတော့သည်..."ဘာမှမဖြစ်ဘူး သမီး.... မသိလို့ ထည့်မိတာပဲဟာ ဘာမှ မဖြစ်ပါဘူး "
ဖေဖေက ဆက်ဆက်ရဲ့ကိုယ်လေးကို ဖက်ကာ အားပေးရှာပေမယ့်လည်း ဆက်ဆက်တစ်ကိုယ်လုံး တုန်နေသည်အထိ ငိုရှိုက်နေမိသည်....
"မငိုပါနဲ့လေ... ကိုကို ဘာမှမဖြစ်ဘူး "
ကုတင်ပေါ်မှာ လှဲနေရင်း အသက်ကို ခက်ခက်ခဲခဲရှုနေရတဲ့ ကိုကိုဟာ ဆက်ဆက်ဘက်ကို လည်ပင်းလေးလိမ်ကာ လှည့်ကြည့်ရင်း အားယူပြီး ပြောရှာလေသည်....
"ကိုကို သက်သာတယ် ....ဘာမှ မဖြစ်ဘူး "
"ကိုမဟာ နားလိုက်တော့နော်.... ထူး Antihistamines ပဲ On ထားပေးတယ် Steroid မသုံးထားဘူး တဖြည်းဖြည်း အသက်ရှုရတာ အဆင်ပြေလာမှာပါ "
"ကျေးဇူးပါ "
မေမေက ဆက်ဆက်အနားကို လျှောက်လာကာ လက်ကလေးကို ကိုင်လိုက်ရင်း မျက်ရည်တွေကို သုတ်ပေးရှာလေသည်....
"တိတ် တိတ် ....သမီးက မသိလို့မှားတာလေ ....ဘာမှ မဖြစ်ပါဘူး .....နောက်ဆို မှတ်ထားပေါ့ ...
ကိုကိုက မြေပဲလည်း မတည့်ဘူး ပုစွန်နဲ့လည်း မတည့်ဘူး "

YOU ARE READING
💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
Romanceကိုယ်က မင်းရဲ့နေမင်းကြီး မဖြစ်ရရင် နေပါစေ ....နေဝင်စားတဲ့လတော့ မဖြစ်ချင်ဘူးကွာ.... ကိုယ့်အလင်းရောင်နဲ့ မင်းရဲ့အကြည့်လေး ခလုတ်တိုက်မိရင်ကို ကျေနပ်ပါပြီ....... Start date _Oct 29 2024 End date _Jan 26 2025