💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 30"သဲ ခဏနေ လိုက်လာခဲ့နော် ကိုကို စောင့်နေမယ်''
မေမေတို့နဲ့ ဧည့်ခန်းမှာ တီဗွီကြည့်နေတုန်း ဖုန်းက
နိုတီတက်လာလို့ ကြည့်လိုက်တော့ ကိုကို့ဆီက .....အဲဒီကိုကို တစ်ယောက်ဟာ အလွန်ပိုသည်.....
တစ်အိမ်ထဲနေပြီး မနက် breakfast စားလည်း အတူတူ အလုပ်အသွားအပြန်လည်းအတူတူဟာကို အလုပ်ချိန်မှာလည်း နည်းနည်းလေး မလစ်လိုက်နဲ့ သူ့ရုံးခန်းကို အကြောင်းရှာပြီး ခေါ်တော့သည် .....အလုပ်ကိစ္စနဲ့ သွားရင်လည်း ဆက်ဆက်ကိုပါ အပါခေါ်ဖို့ အကြောင်းပြချက်တွေက မထပ်စေရ နေ့လည်စာဆိုရင် ကိုယ့် team က လူတွေနဲ့ အတူတူ စားရသည် မရှိတော့ ဆက်ဆက် ထမင်းစားမယ်လို့ ရုပ်တည်ကြီးနဲ့ လာခေါ်မှတော့ ဘယ်သူက ဘာဝင်ပြောရဲ တားရဲမှာတဲ့လဲ....
တစ်နေကုန် အနားကနေ မခွာဘဲ ကပ်နေတာများ ညအိပ်တဲ့ တစ်ချိန်လေးသာ ခွဲနေရတော့သည်....
ဒီလောက် တတွဲတွဲ နေရလည်း ဘယ်တော့မှ အားရပုံမပေါ် သူ့ဆီလာဖို့ ခေါ်နေလေသည်။ ဟိုအိမ်လေးမှာ ဆက်ဆက် မသွားမချင်း စောင့်နေမှာ သေချာသည်။မေမေတို့ တွေ့သွားရင်လည်း မကောင်းတော့ ဟိုရက်က ဆက်ဆက်မသွားဘဲ နေလိုက်မိသည်။ ခေါင်းအလွန်မာပြီး ဇွဲကောင်းလှတဲ့ ကိုကိုဟာ လာမလားလို့ စောင့်နေတာဟု အကြောင်းပြပြီး မိုးစင်စင်လင်းမှ အိမ်ပေါ်ကို ပြန်တက်လာလေသည်။
အခုလည်း မေမေတို့က အခန်းထဲကို ဘယ်အချိန်မှ ဝင်မလဲ မသိတဲ့ဟာကို သူ့ဟာသူ အစောကြီး သွားပြီး စောင့်နေမယ် လုပ်လာပြန်ပြီ။
"မြတ် အစောကြီး ငိုက်နေပြီလား အိပ်ချင်ရင်လည်း....ဝင်အိပ်စို့လေ"
"ဟုတ်ကဲ့ ကိုကျော် ...မြတ် ဒီနေ့ အရမ်းငိုက်တာပဲ ဇာတ်လမ်းက ကောင်းခန်းရောက်နေလို့ပါဆို"
"အာ ...မနက် ထပ်လာမှ ကြည့်ပေါ့ မြတ်ရယ်"
"မြတ်က ...အခု သိချင်နေပြီလေ"
"မင်းက ကလေးလားကွ မြတ် ရ ...ကဲ လာ ပါမိန်းမရယ် အသက်က ငယ်တော့တာ မဟုတ်ဘူး ....ကိုယ့်ကျန်းမာရေး ကိုယ့်ဟာကိုယ် ဂရုစိုက်မှပေါ့ လာ သွားစို့"
![](https://img.wattpad.com/cover/380593872-288-k169153.jpg)
YOU ARE READING
💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
Romanceကိုယ်က မင်းရဲ့နေမင်းကြီး မဖြစ်ရရင် နေပါစေ ....နေဝင်စားတဲ့လတော့ မဖြစ်ချင်ဘူးကွာ.... ကိုယ့်အလင်းရောင်နဲ့ မင်းရဲ့အကြည့်လေး ခလုတ်တိုက်မိရင်ကို ကျေနပ်ပါပြီ....... Start date _Oct 29 2024 End date _