💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 56"သားသား အင်္ကျီလဲရမယ် "
"ကိုကိုရေ လုပ်ပါဦး မျောက်ကလေးကို ဖမ်းပေးပါဦး "
ဟိုတယ်ရဲ့ Master bedroom ကို ယူထားတော့
ကုတင်ကလည်း family size ရေမြှုပ်စပရိန်မွေ့ရာအကြီးကြီးဖြစ်ကာ သားသားက အကြိုက် ခုန်ပေါက်ဆော့ကစားနေလေသည်...ဆက်ဆက်ကတော့ လဝန်းအကူအညီနဲ့ Wedding dress ကို လဲပြီး ရေချိုးပြီးပြီဖြစ်ကာ ကိုကိုနဲ့သားကတော့ အခုချိန်ထိ မလဲရသေး..."သားရေ လာ မားမားဆီလာ "
"လာ ...ဝူး....ယေ "
"ဟာ ဆိုးတယ်ပေါ့လေ ဟုတ်လား ....လာလာ သားလေးက လိမ္မာတယ် မားမားဆီလာ အင်္ကျီလဲရအောင်နော် သား"
"လဲ.....ဝူး.....ဘာဘာ....ကြိုက် "
Bow လေးကို လက်ဖဝါးနှစ်ခုဖြင့် အတင်းဖိကပ်ကာ သူကြိုက်ပါတယ်ပေါ့...
"အမယ်လေး ဆရာကြီးရယ် ဖြေးဖြေးလုပ်ပါရှင့် လည်ပင်းအစ်ကုန်တော့မှာပဲ....."
"ကိုကိုကလည်း သားကို ခေါ်လာပေးပါဆို... ကြည့် .....သူလည်း အင်္ကျီမလဲသေးဘဲနဲ့ ရယ်နေတယ် "
"ဆော့ပါစေဦး ဆက်ဆက်ရဲ့ "
"အချိန်လည်းကြည့်ပါဦး ကိုကိုရဲ့ နောက်ကျနေပြီ သားသား အိပ်ချိန်လွန်နေပြီ"
"ဟုတ်သားပဲ ငါ့သားရ ပါးပါးတို့ အိပ်ရအောင် "
"အိပ် ဝူး ယေ"
အိပ်ဘူးလေဟုပြောကာ ခုန်နေပြန်တာမို့ ....
"မရတော့ဘူး ကိုကို အဲဒီမျောက်ကလေးကို
ဖမ်းပေး ""ညောက် ....ညောက် "
"ဟုတ်တယ် ဟုတ်တယ် အဲဒီလူဆိုးကောင်လေးက မျောက် "
ဆက်ဆက်က လက်ညိုးထိုးပြောတော့ တစ်ခိခိရယ်ကာ ...
"တိုတို....ညောက်"
"ဟေ့ကောင် ပါးက မင်းလို ခုန်နေလို့လားကွ မျောက်ပြောရအောင် "
သားက စကားတွေ ပြောတတ်လာတော့ ဆက်ဆက်ကို ဆဆ ကိုကြီးကို ရရ သူ့အဖေကိုလည်း တစ်ခါတစ်လေ ဆက်ဆက်ခေါ်သလို တိုတို တဲ့လေ....

YOU ARE READING
💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
Romanceကိုယ်က မင်းရဲ့နေမင်းကြီး မဖြစ်ရရင် နေပါစေ ....နေဝင်စားတဲ့လတော့ မဖြစ်ချင်ဘူးကွာ.... ကိုယ့်အလင်းရောင်နဲ့ မင်းရဲ့အကြည့်လေး ခလုတ်တိုက်မိရင်ကို ကျေနပ်ပါပြီ....... Start date _Oct 29 2024 End date _Jan 26 2025