Part _2

23.9K 817 59
                                    

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _2

ဒေါ်ဝတ်ရည်နိုင်ရဲ့ စျာပနဓါတ်ပုံရှေ့ မှာ ဟန်လေးသည် ကျုံ့ကျုံ့လေးထိုင်ကာ ငိုနေရှာလေသည်...

"တိတ်ပါတော့ ဟန်လေးရယ် မနက်ကတည်းက ငိုနေတာ မဟုတ်လား "

"မေမေက ဟန်လေးတို့ကို ထားသွားပြီ ကိုကြီးရယ် "

ရဲရန်ထွဋ်သည် ညီမဖြစ်သူ ထွဋ်မြတ်နိုးဟန်ရဲ့ ခေါင်းလေးကို တယုတယ ပွတ်သပ်ပေးရင်း မျက်ရည်တွေကို သုတ်ပေးလိုက်သည်...

"ဟန်လေး အနားမှာ ကိုကြီးနဲ့ဖေဖေ ရှိပါသေးတယ် ညီမလေးရယ် မငိုနဲ့နော်"

ကလေးနှစ်ယောက်ကို ကြည့်ကာ ဦးအောင်ထွဋ်သည်လည်း မျက်ရည်လည်နေရပြီ  ဖြစ်သည်...သူသိပ်ချစ်ရတဲ့ သူ့ရဲ့ဇနီးက ဒီမနက်မှာတင် သူနှင့် သိပ်ချစ်တဲ့ သားသမီးလေးနှစ်ယောက်ကို အပြီးအပိုင် ထားသွားခဲ့ရှာပြီ ဖြစ်သည်......

သမီးဟန်လေးကို ခေါ်လာခဲ့ပြီး သူတို့မိသားစုဟာ ကော့သောင်းမြို့မှာ ဇာတ်မြုပ်ပြီး နေထိုင်ခဲ့ကြသည်....သမီးလေး အသက် ဆယ့်နှစ်နှစ် အရွယ်လောက်အထိ ဝတ်ရည်ရဲ့ ကျန်းမာရေး ကောင်းခဲ့ပေမယ့် လွန်ခဲ့တဲ့ ၆လလောက်ကစပြီး ဝတ်ရည်ရဲ့ကျန်းမာရေးဟာ ရွှေတစ်လှည့် ငွေတစ်လှည့် ဖြစ်လာခဲ့သည်....

နောက်ဆုံးတော့လည်း သူသိပ်ချစ်ရှာတဲ့ သမီးလေးရဲ့နေရာကို အစားထိုးပြီး ရောက်လာရှာတဲ့ ကလေးမလေးကိုပါ ထားသွားခဲ့ပါပေါ့လား...

သားကြီးရဲ့ဘေးနားမှာ ထိုင်နေတဲ့ သမီးလေးကို ဦးအောင်ထွဋ် ကြင်နာသနားစွာ   ငေးကြည့်နေမိသည်....

သူတို့ ခေါ်လာခါစ ရက်တွေက သူ့မိသားစုကို တနေရှာကာ အဖျားက တာရှည်နေခဲ့ပြီး ကော့သောင်းကို ရောက်ချိန်မှာတော့ ခရီးပါ ပန်းသွားတာလားမသိ ကလေးက နမိုးနီးယားဝင်သွားတာကြောင့် ဆေးရုံ တင်လိုက်ရလေသည်...

အဖျားကြီးကာ အကြိမ်ကြိမ် သတိလစ်သွားရှာပြီး နေပြန်ကောင်းလာချိန်မှာတော့ သူ့မိသားစုကို မတနိုင်ရှာတော့ဘဲ ဝတ်ရည် ကြိုးဆွဲတဲ့အတိုင်း သူတို့ရဲ့သမီး ဟန်လေး ဖြစ်လာခဲ့တော့သည်...

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦Where stories live. Discover now