Part _ 55

36.5K 1.1K 73
                                    

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 55

ဖေဖေထွဋ်နဲ့ကိုကြီးတို့ အိမ်အသစ်က ရွှေမင်းဝံရိပ်သာလမ်းထဲမှာမို့ အရင်အိမ်နဲ့ သိပ်တော့မဝေးပါ။

ကိုသုနေတင်ထွဋ် မကျန်းမာစဉ်အခါက Gordon မှာ ဖေဖေထွဋ်က ဟန်မပျက် နေပေး အခြေအနေတွေကို stable ဖြစ်အောင် ထိန်းထားပေးခဲ့သည့်အတွက် ကျေးဇူးဆပ်သည့်အနေဖြင့် ဂါရဝပြုတာက မနည်းမနော ဖြစ်သည်။ငြင်းလို့လည်း  မရတော့
ဖေဖေထွဋ်က လက်ခံထားလိုက်တော့သည်။

သူ့ဆရာကို အရင်လို အနေအထားမျိုး   ပြန်ဖြစ်စေချင်လှသည့် ကိုနေတင်က ဆီဆိုင်တွေ ပြန်ဖွင့်နိုင်အောင် အကူအညီပေးသည်မို့ ဖေဖေနဲ့ကိုကြီး နှစ်ယောက်စလုံး အလုပ်တွေနဲ့ မအားလပ်နိုင်အောင်  ဖြစ်နေကြပြီး တက်ကြွနေကြလေသည်။

ဆီလောကထဲကို ဖေဖေထွဋ် တစ်ကျော့ပြန် ပြန်ဝင်ရောက်သွားချိန်မှာတော့ အရင်က လှည့်ပတ်လိမ်ညာပြီး ရှောင်တိမ်းနေခဲ့ကြသူတွေနဲ့ ပြန်ဆုံရတော့သည်။ဖေဖေထွဋ်ရဲ့ အရှိန်အဝါနဲ့ ကိုနေတင်နဲ့ မကင်းနိုင်တဲ့သူတွေဟာ ချက်ချင်း နိုင်သလောက် ဆပ်တဲ့သူရယ် တဖြည်းဖြည်းချင်း ဆပ်ခွင့်ပြုဖို့ တောင်းပန်တဲ့သူတွေရယ်ကြောင့် ဆုံးရှုံးထားသော ငွေကြေးအတော်များများကို ပြန်လည်ရရှိခဲ့သည်။

ဒီအလုပ်တွေနဲ့ အလှမ်းကွာနေစဉ်က သွေးအေးသလို ဖြစ်နေခဲ့ပြီး ခပ်အေးအေးသာ နေခဲ့တဲ့  ဖေဖေထွဋ်ဟာ Gordon မှာ သွားနေခဲ့ကတည်းက အိပ်ပျော်နေရာက နိုးထလာတဲ့ ကျားတစ်ကောင်လို ဖြစ်နေခဲ့လေသည်။

ကိုကြီးရှာတာနဲ့ ဘဏ်တိုးလေးသာ သုံးပြီး ငြိမ်ငြိမ်သက်သက်လေး နေရာက အလုပ် ပြန် စ လုပ်ပြီဆိုတော့လည်း အံ့ဩစရာကောင်းလောက်အောင် ဖျတ်လတ်တက်ကြွလို့ နေတဲ့ ဖေဖေထွဋ်ဟာ ယုံကြည်အားကိုးမှီခိုချင်စရာ ဂုဏ်ယူစရာကောင်းလှတဲ့ ဖခင်တစ်ယောက်ရဲ့ ဟန်ပန်အပြည့်နဲ့ ခန့်ညားလို့ နေတော့သည်။

"သမီးလေးက ဖေဖေ့ကို ကြည့်ပြီး  ဘာတွေ ပြုံးနေတာလဲ"

"ဟင်းဟင်း ဆက်ဆက်ရဲ့ ဖေဖေ ခန့်ချောကြီးက အခုမှ ပိုခန့်လာလို့လေ"

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦Where stories live. Discover now