💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 8"မနက်ဖြန် အလုပ်ပြန်ဆင်းတော့လို့ လာပြောတာ"
"ရှင်"
သူ့ကို မျက်လုံးပြူးလေးနဲ့ လာမော့ကြည့်နေတဲ့ ကောင်မလေးကို မဟာ စူးစိုက်ကြည့်နေမိသည်....
အလုပ်ဖြုတ်ကြောင်း လာပြောတာလားတဲ့ သူမှန်တယ်လို့ ယူဆတဲ့ဖက်ကို ရပ်လိုက်ရင် အလုပ်ပဲ ပြုတ်ပြုတ် တရားစွဲပဲ ခံရခံရ နည်းနည်းလေးမှကို ဖြုံမယ့်ပုံ မပေါ် ....တကယ့် အာဂဟာလေးကို ကြည့်ကာ မဟာ ပြုံးမိတော့သည်.... သူ ပြုံးလိုက်တော့ ပိုပြီးတော့ အံ့ဩသွားဟန်တူကာ သူမလေးရဲ့ နှုတ်ခမ်းကလေးဟာ ဝလုံးလေးလို ဖြစ်နေလေတော့သည်....
"မင်းပြောတော့ ငါတို့ TBB မှာ အလုပ်လာလျှောက်တာ အဖေနဲ့အစ်ကိုကို ကူချင်လို့ဆို"
"ဟုတ်"
"ဒါနဲ့များ စကားကို ပြောချင်သလို ပြောရသလားကွ အလုပ်ပြုတ်သွားမှာ မကြောက်ဘူးလား"
"အလုပ် မပြုတ်ချင်ပေမယ့် မှားနေတာ တွေ့ရင် ဝင်မပါရဘဲ မနေနိုင်လို့ပါ "
မဟာ ပြုံးလိုက်မိရင်း....
"အဲဒါတော့ ငါသိပါတယ် ငါတို့ ပထမဆုံး တွေ့ဖူးကြတုန်းကလည်း မင်းက....."
သူ့စကားမဆုံးခင် ထွဋ်မြတ်နိုးဟန်က ခေါင်းလေးငုံ့ကာ ရယ်နေတော့သည်..
ပြီးမှ ပြန်မော့လာကာ...."အဲဒီတုန်းကလည်း ကျွန်မ မမှားပါဘူးနော် ဟိုနေ့က ဖြစ်တဲ့ကိစ္စမှာလည်း ကျွန်မအမှန် ဆိုပေမယ့် GM အပေါ်ကို ကျွန်မလွန်သွားတာကိုတော့ ဝန်ခံပါတယ် တောင်းလည်းတောင်းပန်ပါတယ် GM"
"အင်း ငါကလည်း ဇွတ်ကြီး မေးနေမိတာကိုး"
"ဟုတ် ကျွန်မက ဟိုဘက်က ရိုင်းပျတာကို မျက်မြင်ကိုယ်တွေ့မို့ အရမ်းဒေါသထွက်နေတာရော ဒီလိုအသက်အရွယ်နဲ့လူက ကိုယ့်အသက်အရွယ်ကိုမှ မထောက် အရှက်နည်းလွန်းတာကို အထင်သေး ရွံမုန်းတာရောဆိုတော့ စိတ်က ဘယ်လိုမှ ထိန်းလို့ မရနိုင်ဘူး ဖြစ်သွားတာပါ "
"ကျွန်မကတော့ သူ့အပြုအမူဟာ ကျွန်မတို့ TBB က အမျိုးသမီးတွေ အားလုံးကို အကဲစမ်းတာ အထင်သေး စော်ကားတာလို့ ကောက်ချက်ချပါတယ်.... ကျွန်မထက် မကေ က ပိုပြီးတော့ ရှက်ရှာတာပါ မိန်းကလေးတစ်ယောက်ဟာ ဒီလို လူရမ်းကားမျိုးနဲ့ ကြုံရရင် ငါက သူ စ ရင် ရလောက်တဲ့ပုံမျိုး အနေအထိုင်မျိုး ဖြစ်နေသလားလို့ ခံစားရပြီး စိတ်ကင်ဆာ ရပါတယ်"
YOU ARE READING
💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
Romanceကိုယ်က မင်းရဲ့နေမင်းကြီး မဖြစ်ရရင် နေပါစေ ....နေဝင်စားတဲ့လတော့ မဖြစ်ချင်ဘူးကွာ.... ကိုယ့်အလင်းရောင်နဲ့ မင်းရဲ့အကြည့်လေး ခလုတ်တိုက်မိရင်ကို ကျေနပ်ပါပြီ....... Start date _Oct 29 2024 End date _