💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 44"သား ဒီမှာ ခဏလာထိုင်ဦး မေမေ သားကိုပြောစရာရှိတယ် "
"ဟုတ်ကဲ့ မေမေ"
ဒေါ်မြတ်လေး သားဖြစ်သူကို ပြုံးကြည့်ရင်း ကျောလေးကို ကြင်နာစွာ ပုတ်ပေးလိုက်သည်.....
"မေမေ့သားကြီးလည်း အိမ်ထောင်ပြုတော့ ဒီတစ်ခါ မေမေ မရွေးပေးတော့ပါဘူး သား ကိုယ့်ဟာကိုယ်ရွေး"
မဟာ စိတ်ထဲမှာ တင်းကနဲ ဖြစ်သွားပေမယ့် စိတ်ကို လျှော့ထားလိုက်ပြီး....
"သား အိမ်ထောင်မပြုချင်ဘူးမေမေ"
"လူဆိုတာ သီီးချိန်တန်သီး ပွင့်ချိန်တန် ပွင့်ရတာလေ သားရယ် တစ်သက်လုံး ဒီအတိုင်းနေမှာ မဟုတ်တဲ့ အတူတူ အရွယ်မနှောင်းခင် ပြုစေချင်တာ "
"ဘာဖြစ်လို့လဲ မေမေ မေမေ့သမီးနဲ့ စိတ်မချလို့လား"
"ဟင် သား"
"အဲဒီလိုဆိုလည်းရပါတယ်မေမေ သားအိမ်ကို မလာဘဲ နေလိုက်ပါ့မယ်"
မျက်နှာတွေ ဟန်မဆောင်နိုင် ပျက်နေရှာတဲ့သားဖြစ်သူကို ဒေါ်မြတ်လေး စိတ်မသက်မသာနဲ့ ကြည့်နေမိရင်း....
" အဲ.... အဲသလို မဟုတ်ရပါဘူး သားရယ် မေမေက သားကိုလည်း သားနဲ့မယားနဲ့ဖြစ်စေချင်လို့ပါကွယ် အလုပ်ထဲမှာ နှစ်မြှုပ် တူလေးနဲ့ အချ်န်ကုန်ပြီး မေမေ့သား အရွယ်လွန်သွားမှာ စိုးလို့ပါသားရယ် ....ပြီးတော့ မေမေက နှလုံးသမားလေ အချိန်မရွေး ခေါက်ခနဲ ဖြစ်သွားနိုင်တယ်....
အဲဒီတော့ မေမေကျန်းမာနေတုန်းလေး
စီစဉ်ပေးချင်တာမျိုးပါ""ရပါတယ်မေမေ တခြားဘယ်ကိစ္စမျိုးမဆို မေမေတို့ စကားကို ကျွန်တော် နာခံခဲ့တာပဲ အိမ်ထောင်ရေးအထိတော့ မစီစဉ်ပေးပါနဲ့တော့ ''
"အားလုံးက ကိုယ်စီ သူ့လမ်းသူလျှောက်ကြရတာ.... လူတွေဟာ နာမကျန်းချိန် အထီးကျန်ချိန်တော့ ရှိတတ်ကြတာပဲ ဘေးနားအမြဲလက်တွဲရမယ့် အဖော်မွန်ကောင်းတစ်ယောက်တော့လိုပါတယ် သားရယ် ....မေမေ့က သားကို မေမေ့သားမဟုတ်ဘူးလို့ မတွေးနိုင်လောက်အောင်အထိ သားကို မေမေချစ်တယ် မေမေ့သားလေးကို မေမေ ဖြစ်စေချင်တဲ့ ဆန္ဒလေးပါ သားရယ် တခြား ဘာရည်ရွယ်ချက်မှ မပါပါဘူး "

YOU ARE READING
💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
Romanceကိုယ်က မင်းရဲ့နေမင်းကြီး မဖြစ်ရရင် နေပါစေ ....နေဝင်စားတဲ့လတော့ မဖြစ်ချင်ဘူးကွာ.... ကိုယ့်အလင်းရောင်နဲ့ မင်းရဲ့အကြည့်လေး ခလုတ်တိုက်မိရင်ကို ကျေနပ်ပါပြီ....... Start date _Oct 29 2024 End date _Jan 26 2025