💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 41ဆက်ဆက် ကိုယ်ဝန်ရှိတာ သိလိုက်ရတော့ စိတ်ဆင်းရဲခဲ့ရတာကို သတိရကာ သားလေးကို အားနာနေရလေသည်။မျက်နှာလေးက ဆက်ဆက်နဲ့ ချွတ်စွတ်တူနေကာ ဆက်ဆက်ရဲ့ ငယ်ဘဝလေးကို ပြန်တွေ့နေရသလိုပင်။ ဒီတလော စိတ်ပင်ပန်းဆင်းရဲနေခဲ့ရတာတွေ အကုန်မေ့ပျောက်သွားပြီး သူအလိုလို ပြုံးနေမိတော့သည်။ကိုယ့်ဟာကိုယ် သတိမထားမိခင် သူ့ပါးစပ်က အလိုလို ထွက်သွားမိတာက ....
"သား"
အမိဝမ်းကကျွတ်စ ကလေးငယ်က ဘာများ နားလည်မှာတဲ့လဲ... မျက်စိလေးတွေ ဖွင့်ထားပေမယ့် ဘာမှ မြင်ပုံသိပုံမရ မြင်နေလည်း သူမြင်နေရတာဟာ ဘာလဲဆိုတာ မသိနားမလည်သေးတဲ့ အရွယ်လေး ဪ ...မင်းလေးက ဆက်ဆက် သားတဲ့လား ....
ဒီလိုပေါက်စနလေးမျိုးကို သူချီပွေ့ခဲ့ဖူးတာပေါ့ ဟိုတုန်းက ဟိုး....တုန်းက လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်ကျော်က အတိအကျ ပြောရရင် လွန်ခဲ့တဲ့ နှစ်ဆယ့်နှစ်နှစ်ကပေါ့ ...အဲဒီတုန်းက သူဟာ ခြောက်နှစ်သားအရွယ် ရှိနေပြီ တခြားဟာတွေသာ သူ့မှတ်ဉာဏ်က မှုန်ဝါးချင်ဝါးမယ် ဆက်ဆက်နဲ့ပတ်သက်သမျှ အမှတ်တရတွေက သူ့ခေါင်းထဲ ရင်ထဲ အသဲထဲမှာ စွဲမြဲနေခဲ့လေသည်....
အဲဒီတုန်းက မေမေ ကလေးမွေးလို့ ဆေးရုံကိုလိုက်လာခဲ့တဲ့သူဟာ ညီမလေးကို မြင်တော့ ချီချင်ပါသည်ဟု မရမက ပူဆာခဲ့သည်.... သားက ငယ်သေးလို့ မချီတတ်သေးပါဘူးလို့ ချော့လည်းမရ ဆူလို့လည်းမရတော့ ဖေဖေနဲ့ မေမေဟာ သူ့အလိုကို လိုက်ခဲ့ကြလေသည် .....
ကုတင်ပေါ်မှာ တင်ပလင်ခွေ ထိုင်ခိုင်းပြီး ညီမလေးကို သူ့လက်ထဲကို ထည့်ပေးခဲ့သည်....မွေးကင်းစကလေး နီတာရဲလေးဟာ ပျော့ပျော့အိအိနုနုနယ်နယ်လေးမို့ သူအသည်းတွေယားကာ ညှစ်ပစ်ချင်လှသည် ....ညီမလေး နာသွားမှာ စိုးလှတာမို့ သူမညှစ်ရက်ဘဲ နဖူးလေးကို ငုံ့နမ်းမိတော့ ဖေဖေနဲ့မေမေက သူ့ကိုကြည့်ကာ ရယ်နေခဲ့ကြသည်....
အခုလည်း ဆက်ဆက်ရဲ့သားပေါက်စလေးကို မျက်တောင်မခတ် ကြည့်နေမိရင်း ကိုယ့်ဟာကိုယ် သတိမထားလိုက်မိခင် နဖူးနီနီလေးကို ဖွဖွလေး နမ်းရှိုက်လိုက်မိတော့သည် .....
YOU ARE READING
💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
Romanceကိုယ်က မင်းရဲ့နေမင်းကြီး မဖြစ်ရရင် နေပါစေ ....နေဝင်စားတဲ့လတော့ မဖြစ်ချင်ဘူးကွာ.... ကိုယ့်အလင်းရောင်နဲ့ မင်းရဲ့အကြည့်လေး ခလုတ်တိုက်မိရင်ကို ကျေနပ်ပါပြီ....... Start date _Oct 29 2024 End date _