💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 53သူ ဟိုတစ်ခါက သားသားတိုက်တဲ့ နို့ဘူးကို တစ်ဘူးလုံးကုန်အောင် သောက်လိုက်မိသည့် အရသာ မဟုတ်လား.....
အာ .. မှတ်မိပြီ အဲဒီတုန်းက ဆက်ဆက်က ရပ်နေတဲ့နေရာကနေ လုံးဝ မလှုပ်တော့ဘဲ တစ်ကိုယ်လုံး နီရဲပြီး ရပ်နေခဲ့ရှာတာလေ.....
မဟာ ရှက်ကိုးရှက်ကန်းနဲ့ ပြုံးလိုက်မိပြီး ဆက်ဆက်နားကို တိုးသွားမိတော့သည်။ပခုံးသားနုနုကို ခပ်ဖွဖွ ဆွဲညှစ်ထားလိုက်ရင်း မျက်နှာလေးကို အမိအရ ငုံ့စိုက်ကြည့်ကာ...
"ဆက်ဆက်"
"ရှင်"
"ကိုယ့်သဲ"
"ဟုတ်ကဲ့ကိုကို"
"သားသားက နို့ဘူးထက် အမေနို့ကို ဘာလို့စွဲနေတာလဲဆိုတာ ကိုကို သိသွားပြီ"
"ဟင်"
တစ်ကိုယ်လုံး နီရဲသွားသည်အထိ အရှက်တွေ သည်းနေတဲ့ကောင်မလေးကို မဟာပွေ့ချီိလိုက်ရင်း ကုတင်ပေါ်ကို လှဲချပစ်လိုက်သည်....
"ကိုကို"
ဆက်ဆက်က အလန့်တကြားနဲ့ လူးလဲထနေတာမို့ မဟာဆွဲချုပ်ကာ ဖိထားလိုက်ရင်း..
"မလန့်ပါနဲ့ သဲရယ် ကိုကို မင်းကို ဘာမှ မလုပ်ဘူးစိတ်ချ ဒါပေမယ့် ခဏလေးတော့ ဒီလိုလေး ကြည်နူးကြည့်ချင်တယ်ကွာ ခွင့်ပြုနော် သဲ"
ကိုကိုက ပြောနေရင်း ကုတင်ပေါ်က အမြန်ဆင်းကာ သားသားကိုပါ ဘေးမှာ ချသိပ်နေလေသည်။ကြိုတင်ဇာတ်တိုက်ထားသလား ထင်ရလောက်အောင် လိမ္မာသိတတ်တဲ့ အဖေချစ်သားက တစ်စက်ကလေးတောင် မငိုဘဲ တခစ်ခစ်နဲ့ သဘောကျနေတာမို့ သားအဖနှစ်ယောက်လုံးကို ဆက်ဆက် မျက်စောင်းထိုးလိုက်သည်။
ကိုကိုက တံတောင်ဆစ်ထောက်ပြီး ဘေးတစောင်း လှဲနေကာ ဆက်ဆက်တို့ သားအမိကို ပြုံးကြည့်နေပြီး...
"ကိုကိုပျော်လိုက်တာ ဆက်ဆက်ရယ် ညကတည်းက ကိုကို စိတ်ကူးတွေ ယဉ်နေတာ နောက်ဆို ကိုကိုတို့ မိသားစု အိပ်ရာတစ်ခုထဲမှာ အတူတူ အိပ်ရတော့မှာဆိုပြီး ရင်တွေခုန်ပြီး ကြည်နူးနေတာ"

YOU ARE READING
💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
Romanceကိုယ်က မင်းရဲ့နေမင်းကြီး မဖြစ်ရရင် နေပါစေ ....နေဝင်စားတဲ့လတော့ မဖြစ်ချင်ဘူးကွာ.... ကိုယ့်အလင်းရောင်နဲ့ မင်းရဲ့အကြည့်လေး ခလုတ်တိုက်မိရင်ကို ကျေနပ်ပါပြီ....... Start date _Oct 29 2024 End date _Jan 26 2025