Part _ 47

33.8K 1.1K 160
                                    


💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 47

"ကိုကိုနော် အရက်တွေ  သောက်လာပြန်ပြီလား ...အဲဒါပြီးရင်  ပူတယ်ဆိုပြီး ဘာမှ မဝတ်ဘဲ
အိပ်မနေနဲ့ဦး တော်ကြာ လေဖြတ်..."

ဆက်ဆက် ပြောနေတာက တစ်ဝက်တစ်ပျက်နဲ့ ရပ်သွားပေမယ့် မဟာ အလွန်အမင်း အံ့ဩသွားရတော့သည်.....

"ဟင်"

"ဆက်... ဆက်ဆက်က ကိုကို အရက်သောက်ရင် ဘာမှ မဝတ်နိုင်တာကို ဘယ်လိုလုပ်ပြီး..."

သူပြောနေတာ မဆုံးခင် ဆက်ဆက်က မပြေးရုံတမယ် ခြေလှမ်းတွေနဲ့ သူ့ရှေ့ကနေ ထွက်သွားတာမို့ မဟာ မှင်တက်မိစွာ ရပ်ကြည့်ရင်း ကျန်နေခဲ့တော့သည်.....

သူက အရက်မကြိုက်တဲ့သူမို့ မဖြစ်မနေ ပွဲမျိုးကလွဲရင် သောက်လေ့မရှိ။သောက်ရင်လည်း အာဆွတ်ရုံလောက်သာ။များများသောက်မိလျှင် တစ်ကိုယ်လုံး ပူထူနေကာ အဝတ်အစားတောင် မကပ်နိုင်တဲ့အထိ နေရခက်လှတာမို့ သူလွန်အောင်သောက်ပြီး မူးရူးနေတာမျိုးက လက်ချိုးရေလို့တောင် ရသည်။

သူတို့ Same Batch ကလူတွေ gathering လုပ်တုန်းက သူငယ်ချင်းတွေ ဝိုင်းတိုက်ကြတုန်းက တစ်ခါ။နောက်တစ်ခါက company ဒင်နာမှာ ဝန်ထမ်းတွေက သူတို့ခွက်လေးတွေကိုင်ပြီး လာချီးယားစ်သမျှ ကိုယ်က ချွင်ခဲ့ရတော့ မှောက်သွားတာများ အိမ်ကို ပြန်ရောက်လာတာတောင်မသိလိုက်။သူ့ကိုယ်ကြီး မနည်းတွဲပြီး ချီပိုးကာ ပို့ခဲ့ကြရသတဲ့။

တစ်ညနဲ့ တစ်ရက်လောက် အိပ်နေကာ  နောက်တစ်ရက်မနက်မှ နိုးလာတဲ့သူ့ကိုကြည့်ကာ မေမေတို့က ရယ်လို့မဆုံးနိုင်အောင် ရှိခဲ့ကြသည်။အဲဒီနောက်ပိုင်း အရက်ဆို လှည့်မကြည့်ခဲ့တဲ့သူဟာ နောက်တစ်ကြိမ်မူးခဲ့တာကတော့ သူ့ဘဝမှာ မှတ်မှတ်ရရ ဆက်ဆက် မင်္ဂလာမဆောင်ခင် သုံးရက်အလိုညက...

အဲဒီတုန်းက သူဟာ တစ်လောကလုံးကို မေ့နေချင်တဲ့စိတ်နဲ့ အရက်တွေ မူးအောင် သောက်ခဲ့သည်။မကြာခင်ရက်ပိုင်းအတွင်းမှာ တစ်ခြားလူနဲ့ မင်္ဂလာဆောင်တော့မယ့် သူ့ရဲ့အချစ်ဆုံးလေးကို တွေ့နေမြင်နေရက်နဲ့ ဘာမှ လုပ်လို့မရဘဲ ကြည့်နေရတဲ့ အဖြစ်ဟာ သူ့ရင်ကို ကျွမ်းလောင် ပြာကျတော့မတတ်ဖြစ်နေလေတော့ အိမ်ကို  ပြန်မလာဘဲ နေခဲ့သည်။

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦Where stories live. Discover now