Part _ 28

26.2K 995 75
                                    

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 28

"ကိုကို့ ကို မချစ်ဟန်ဆောင်ရတာ ပင်ပန်းလိုက်တာ ကိုကိုရယ် "

"ဟင် ဆက်ဆက်...."

"ဗိုက်ထဲက အနာထက် ရင်ဘတ်ကအနာက ပိုခံရတယ်......   ကိုကို့ ကို ရူးအောင်ချစ်မိနေလို့ ဘယ်လိုလုပ်ရမလဲ အ ဟင့် ဟင့် ဟင့် "

"ဟာ"

"ဆက်ဆက်.."

ဗိုက်နာပြီး လူးလှိမ့်နေရာက ကယောင်ကတမ်းနဲ့ ပြောနေရှာတဲ့ ဆက်ဆက်ရဲ့ စကားတွေကြောင့် မဟာ့ရင်ခုန်သံတွေ ထိန်းလို့ မရအောင် ဖြစ်သွားရသည် ....

မျက်နှာလေးက ဖြူဖျော့နေပြီး ဝေဒနာ တွေ ခံစားနေရတဲ့ မျက်နှာလေးကို ကြည့်ကာ မဟာ သနားလှသည်။
ကလေးရယ် ...မင်းလေးက မခံစားနိုင်လို့  စိတ်ထင်ရာတွေ လျှောက်လုပ်နေခဲ့တာလား ...

မဟာ ဝမ်းသာပြီး ပျော်သွားရပေမယ့် စိတ်ဖြောင့်ဖြောင့်နဲ့ မပျော်အား ဗိုက်နာနေတဲ့ ကောင်မလေးကို အဆင်ပြေအောင် လုပ်ပေးဖို့က ပိုအရေးကြီးနေတာမို့...

"ဆက်ဆက်"

"ဆက်ဆက်"

"အင်း...'"

"အခု...ဘယ်လိုနေလဲဟင် အရမ်းနာနေတာလား ... ကိုကိုနဲ့ ဆေးရုံသွားရအောင်လေ"

"ဟင့်အင်း"

"မသွားရင်...အကြာကြီး နာနေမှာပေါ့ ဆက်ဆက်ရဲ့ ... ကိုကို ချီသွားမယ် လာ သွားစို့"

"ဟင့်အင်း ..... မသွားဘူး မသွားဘူး မသွာချင်ဘူးလို့ မသွားချင်ပါဘူးဆို အီး ဟီး ဟီး မေမေရေ ....."

"ဟာ .....ဆက်ဆက် ဒုက္ခပါပဲ မငိုနဲ့လေ အဲဒါဆို
နေအုံး ဆေးသောက်ရအောင် အရင်က ...ဖြစ်ဖူးလား ဘာဆေးသောက်နေကျလဲ"

"အား ....နာတယ် အရမ်းနာတယ်လို့ အဟင့် ဟင့် ဟင့် မေမေရေ"

"အဲဒါဆို မေမေ့ကို..သွားခေါ်ပေးမယ်နော်... ခဏလေးစောင့်  ကိုကို အခုချက်ချင်း...ပြန်တက်လာမယ်"

"ဟင့်အင်း"

"ဟာ... ဆက်ဆက် ကိုကို ပို့ပေးမယ်"

ဆက်ဆက်က ကုတင်ပေါ်ကနေ အတင်းဆင်းချလာပြီး toilet ကိုသွားမလို့ လုပ်နေတာကြောင့် မဟာချီပြီး toilet ထဲကို ပို့ပေးလိုက်သည်....

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦Where stories live. Discover now