Part _25

28.8K 950 45
                                    

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 25

"ကိုကျော် သမီးရော "

"သမီးကို ဘာလို့ ငါ့လာမေးနေတာလဲ "

"ဟယ် ရှင့်ကို ခေါ်လာခိုင်းထားတယ်လေ "

"ဘာ ဘယ်တုန်းက "

"သမီးက သားနဲ့ အတူတူပြန်တာမဟုတ်ဘူးလား "

ဦးကျော်ခေတ်က မဟာမင်းခေတ်ကိုကြည့်ကာ ပြောလိုက်တော့ မဟာမျက်လုံးတွေပြူးသွားကာ...

"မေမေ !! "

မဟာမင်းခေတ်သည် ချက်ချင်း ဆက်သီရိခေတ်ဆီဖုန်းခေါ်တော့ ဆက်သွယ်မှုဧရိယာပြင်ပဟု​သာကြားနေရလေသည်...

"ကျစ်"

အပြင်မှာ မှောင်စပြုနေပြီမို့ မဟာစိတ်ထဲ စိုးရိမ်လာလေသည်....

"မေမေ"

"မေမေပြောတော့ ...ဆက်ဆက်က ဖေဖေနဲ့ ပြန်လာမှာဆို .... မေမေ့ကို ကျွန်တော်  ဖုန်းသေချာဆက်ပါလို့ ....ပြောတယ်လေ..."

"မေမေ ဆက်တယ်လေ .....မင်းအဖေဆီ ဆက်တော့ မောင်စိုးမင်း ကိုင်တယ် မေမေ သေချာကို ...မှာထားခဲ့တာ"

"အခု .... မသေချာလို့  ဆက်ဆက် ပြန်မရောက်သေးတာပေါ့ ဒီတစ်ခါ ....ထပ်ပျောက်သွားရင် ဘယ်လို လုပ်မလဲ ....ဘယ်လို လုပ်ကြမလဲ မေမေ"

".............."

"အရင်တစ်ခါကလည်း ......ဆက်ဆက်ရော ..ကျွန်တော်တို့ တစ်မိသားစုလုံးရော ငိုခဲ့ရပြီးပြီ ... ကျွန်တော့နောက်ကို လိုက်လို့ ဖြစ်ရတာဆိုပြီး ကျွန်တော် တစ်သက်လုံး ရူးမတတ် ခံစားခဲ့ရတယ် အခုတစ်ခါ ဖြစ်ပြန်ပြီ ...ကျွန်တော်ကြိုရင် အခုလို ဖြစ်မှာ မဟုတ်ဘူးကျွန်တော့်ကို နောင်တတွေနဲ့ ..
နလန်မထူနိုင်တော့အောင် လုပ်နေတာလား မေမေ"

"သား"

"ညနေကလည်း ...မေမေ့ကို ကျွန်တော် ပြောပါတယ် ... မေမေခိုင်းတာ....ကျွန်တော် မသွားချင်ဘူး မလုပ်ချင်ဘူး...တခြားလူကို  ခိုင်းလိုက်ပါလို့  ... မေမေက အတင်းခိုင်းလို့ .... ဒီလို ဖြစ်ရတာ"

"သားရယ် .. မေမေက...."

အန်တီမူတို့ မြောက်ဒဂုံဘက်က စစ်တောင်းလမ်းမှာ ကားပျက်နေတယ် သားရယ် သွားကူညီပေးပါဦးဟု ပြောလာတုန်းက သူငြင်းပါသေးသည်...
အန်တီမူမူတို့က ဆွေမရှိမျိုးမရှိအသိမရှိတဲ့လူမှမဟုတ်တာ သူက သွားကူရလောက်ထိကလည်းမဟုတ်သေးဘူးလေ...
ပြီးတော့ အခုခေတ်မှာ ကြိုက်တဲ့မက္ကင်းနစ်ကိုဖုန်းဆက်လိုက်ရင် Serviceက အဆင့်ဖြစ်ရောက်
လာမယ့်ဟာကို မေမေကအတင်းကြီးသားရယ် သွားကူညီလိုက်ပါဟုအတင်းပြောလာ​တာကြောင့် တစ်ဖက်က မေမေ့သူငယ်ချင်းလည်းဖြစ်နေတာကြောင့် သူသွားလိုက်ရလေသည်....
သူရောက်သွားတော့ အန်တီမူမဟုတ်ဘဲ
ထူးဝင့်ထည်ဖြစ်နေလေသည်....

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦Where stories live. Discover now