💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 16ဟန်လေး အိပ်မပျော်တာကြောင့် အခန်းထဲက ထွက်ပြီး ဝရံတာရှိရာကို အသာလေးလျှောက်လာချိန် ဟန်လေးထက်အရင် ရောက်နေသောလူကြောင့် လျှောက်လှမ်းနေသောခြေထောက်များရပ်တန့်သွားလေတော့သည်...
သူ့ကို အနှောင့်အယှက်ပေးမိမှာစိုးတာကြောင့်နောက်ကြောင်းပြန်လှည့်ဖို့ လုပ်တော့...."အိပ်မပျော်ဘူးလား ဆက်ဆက် "
"ရှင်......ဟုတ် "
ဝရံတာက စတီးတန်းပေါ် လက်ထောက်ထားရင်းလှည့်မကြည့်လာဘဲနှင့်သူက ဆက်ဆက်မှန်းဘယ်လိုသိတာလဲ...
"လျှောက်တွေးမနေနဲ့ ဒီအပေါ်ထပ်မှာ မင်းနဲ့ငါပဲ နေတာလေ ခြေသံကြားမှတော့ မင်းပဲရှိတာပေါ့ "
ဟန်လေးစိတ်ထဲက အတွေးတွေကိုပါ ဖတ်နိုင်သောသူကြီးအား အံ့သြစွာကြည့်နေမိစဥ်
သူကလှည့်ကြည့်လာလေသည်....ညဘက်ပိုင်းအအေးနည်းနည်းပိုသောကြောင့်လားမသိ GMသည် ဆွယ်တာအပါးလက်ရှည်ရင်ကွဲလေးထပ်ဝတ်ထားလေသည်..
နောက်က စတီးတန်းကိုမှီကာ ဟန်ပါပါလက်ပိုက်လိုက်ရင်း..."လောကမှာမထင်မှတ်ထားတာတွေဖြစ်တာတကယ်ပဲနော် မင်းက ဆက်ဆက်တဲ့လား "
"ကျွန်မတစ်ခုလောက်မေးချင်တယ်
မေးလို့ရမလား ""မေးလေ "
"ကျွန်မက ဆက်ဆက်ဖြစ်နေတာကို GMကြီးကြည့်ရတာ မပျော်သလိုဘဲ ဟို ကျွန်မအထင်ကိုပြောပြတာပါ ....အထင်မှားသွားခဲ့ရင်တောင်းပန်ပါတယ်ရှင့် "
သူဟာဘယ်လောက်ထိရုပ်ပျက်နေလဲတော့မသိပေမယ့် ရှေ့က ကောင်မလေးတောင်ရိပ်မိတယ်ဆိုတော့ ဒါကမဖြစ်သင့်ဘူးပေါ့.....
သူတောင်ဘာလို့မပျော်လဲဆိုတာကို သေချာအဖြေရှာလို့မရလို့ညစ်နေတဲ့ဟာကို...."မင်းက ဘာသိလို့လဲ မင်းဘာမှမသိပါဘူး ....အင်း ငါလည်းမသိဘူး "
ဟန်လေးနားမလည်သောအဖြေမျိုးကို GMကပေးလာပြီး ဟန်လေးရဲ့ဘေးတည့်တည့်မှာရပ်လိုက်လေသည်....
"အေးတယ် ခဏနေပြီး အခန်းထဲဝင်တော့ "
"ပြီးတော့ မင်းထင်တာ မှန်တယ် ငါကမင်းကို
ထွဋ်မြတ်နိုးဟန်အနေနဲ့ပဲရှိစေချင်တာထင်ပါရဲ့ "
YOU ARE READING
💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
Romanceကိုယ်က မင်းရဲ့နေမင်းကြီး မဖြစ်ရရင် နေပါစေ ....နေဝင်စားတဲ့လတော့ မဖြစ်ချင်ဘူးကွာ.... ကိုယ့်အလင်းရောင်နဲ့ မင်းရဲ့အကြည့်လေး ခလုတ်တိုက်မိရင်ကို ကျေနပ်ပါပြီ....... Start date _Oct 29 2024 End date _