Part _13

20.8K 927 88
                                    

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 13

ဦးကျော်ခေတ်သည် မောင်စိုးမင်း လက်ထဲက DNA အဖြေ စာရွက်လေးကို ယူလိုက်ပြီး ဇနီးဖြစ်သူ ဒေါ်မြတ်လေးကို လှမ်းကြည့်လိုက်ကာ...

"မြတ် အဖြေကို အတူတူကြည့်ဖို့
အဆင်သင့်ပဲလား "

ဒေါ်မြတ်လေးသည် တည်တည်ငြိမ်ငြိမ်ဖြင့် ခင်ပွန်းဖြစ်သူကို ခေါင်းညိတ်ပြလိုက်လေသည်....

"ကိုကျော် အရင် ကြည့်လိုက်ပါ "

ဦးကျော်ခေတ် ခေါင်းညိတ်ပြလိုက်ပြီး  အဖြူရောင် စာအိတ်ထဲက စာရွက်ကို ထုတ်ကြည့်လိုက်ချိန်မှာတော့ မတ်တပ်ရပ်နေရာကနေ ဆိုဖာခုံပေါ်ကို ထိုင်လျက်သား ပစ်လဲကျသွားလေတော့သည်...

"ဟားး"

"ကိုကျော်....ကိုကျော် ဘာဖြစ်တာလဲ "

ဦးကျော်ခေတ်ရဲ့ဘေးကို ဒေါ်မြတ်လေး ချက်ချင်းရောက်လာပြီး  ခင်ပွန်းဖြစ်သူရဲ့ လက်မောင်းကို အတင်း ဆုပ်ကိုင်လိုက်လေသည်...

"ကို....ကိုကျော်"

ခင်ပွန်းဖြစ်သူရဲ့ မျက်နှာ အရိပ်အကဲကို  ကြည့်ကာ ဒေါ်မြတ်လေးသည် လက်ထဲက စာရွက်ကို ဆွဲယူကြည့်လိုက်တော့....

"အမလေး ...သမီး......မြတ်ရဲ့ သမီးလေး.....အဟင့် ဟင့်.....မြတ်ရဲ့သမီးလေး"

ဦးကျော်ခေတ်သည် ဇနီးဖြစ်သူကို ထွေးဖက်လိုက်ပြီး လုံးဝ မျှော်လင့်မထားသော ဖြစ်ရပ်အတွက်  တုန်လှုပ် စိတ်မကောင်းဖြစ်နေကာ မျက်ရည်များ ဒလဟော စီးကျလာတော့သည်......

"မြတ်....သူ  သူကလေးက ကိုယ်တို့ရဲ့ သမီးလေးတဲ့လား  ကိုယ် လုံးဝ မမှတ်မိခဲ့ဘူး မြတ်ရယ် ....သမီးလေးက  အနားမှာ ရောက်နေလျက်နဲ့ ကိုယ် မသိခဲ့ဘူး"

"ကိုကျော်..သမီး....ကျွန်မတို့ သမီးလေး အဟင့် ဟင့် ဟင့် ပြန်ရှာတွေ့ပြီ အဟင့် ဟင့်"
_
_
_
_
"ဒေါက်ဒေါက်"

"ဒေါက်ဒေါက်ဒေါက်"

တံခါးကို တစ်ကြိမ်ခေါက်ပြီးရင် ချက်ချင်း ဆက်မခေါက်သေးဘဲ ခဏ စောင့်နေရမယ် ဆိုတဲ့ ယဉ်ကျေးဖွယ်ရာသော အပြုအမူတွေ  ဘာတွေ ဒေါ်မြတ်လေး မလိုက်နာနိုင်တော့ ....

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦Where stories live. Discover now