Part _4

23.4K 881 84
                                    

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _4

"ဘုတ်"
"အင့် "
"အမယ်လေး"
"ဟာ "

ဟန်လေးပိုက်ထားတဲ့ ထမင်းဘူးက အောက်ပြုတ်ကျပြီ ထင်ကာ အော်လိုက်ပေမယ့် ဟန်လေးလက်ကို အောက်ကနေ ပင့်ကာထွေးဖက် ဆုပ်ကိုင်လာသည့် သန်မာသောလက်ချောင်းများက ထမင်းဘူးကို အောက်ကို ပြုတ်မကျသွားအောင် ထိန်းပေးထားလေသည်....

အခု ဟန်လေးရဲ့လက်အောက်မှာ GMရဲ့လက်ဖြစ်နေတာကြောင့် ဟန်လေးမျက်နှာ ရဲသွားကာ ပူကနဲ ဖြစ်သွားရလေသည်...

"Sorry ပါ GM"

မဟာမင်းခေတ်လည်း သူမလက်ကို ထွေးဆုပ်ကိုင်ထားကာ မလွှတ်မိသေးဘဲ ကြောင်ပြီး သူမမျက်နှာကို ငေးနေမိရာက Sorry ဆိုတဲ့ အသံလေး ထွက်လာတော့မှ...

"အဟမ်း ....ဘယ်လို ဖြစ်တာလဲ "

"ကျွန်မ ကန်တင်းသွားမလို့ပါ အရှေ့ကို ကြည့်ပြီး မလျှောက်မိဘူး "

ဒါပေါ့ သူ့အမှားမှ မဟုတ်တာ သူနောက်ပြန် လျှောက်နေတာက အကြောင်းရှိလို့လေ တည့်တည့် လျှောက်လာပြီး မကြည့်တဲ့လူရဲ့အမှားပဲ....

"ကန်တင်းက မင်းတို့ဌာနကနေဆိုရင်  ဘယ်ကွေ့ပြီး Liftကနေ ဆင်းရင် ရနေပြီလေ "

"ဟုတ် ကျွန်မ မျက်စိလည်နေတာ "

"အစဆိုတော့ ဖြစ်တတ်ပါတယ် "

"ဖြိုးကြွယ် သွားရအောင် "

"ဟုတ်ကဲ့ GM"

ဟန်လေးအရှေ့ကနေ ထွက်သွားတော့မှသာ  အသက်ကိုရဲရဲ ရှုရဲတော့သည်...အသက်ကို  ဝဝ ရှုနေတုန်းရှိသေး..

"ဒါနဲ့ အမိ"

"ရှင်"

လျှောက်နေရာကနေ ရုတ်တရက် ရပ်သွားကာ  ဟန်လေးဘက်ကို လှည့်လာပြီး...

"ငါက Personal နဲ့ အလုပ်ကို ခွဲခြားထားတဲ့သူပါ ....မင်းနဲ့ အပြင်မှာ ဖြစ်ခဲ့တဲ့ ကိစ္စက သတ်သတ်စီပါ....ဆိုတော့ မင်းလိုလူကို  အလုပ်ခန့်လိုက်တဲ့ GM က မင်းပြောတဲ့စကားကို ကြောက်ပြီး ခန့်လိုက်တယ်လို့တော့ မထင်စေချင်ဘူး.....ဒီအတိုင်း မင်းက TBB အတွက် အသုံးဝင်လောက်မယ်ထင်လို့  ခန့်တာ"

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦Where stories live. Discover now