💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 10ဟင် ဒီလို အချိုင့်လေးပါတာက ......
သူ့စိတ်တွေ ယောက်ယက်ခတ်နေဆဲမှာပဲ သူမလေး ရယ်နေတာက ရပ်သွားတော့သည် ....
ရှက်ကိုးရှက်ကန်းဟန်လေး မပျောက်သေးဘဲ မျက်နှာ ထားရခက်နေပုံနဲ့ အောက်နှုတ်ခမ်းထောင့် နေရာလေးကို သွားနဲ့ ဖိကိုက်နေလေသည် ..."ဟန်လေး!!! "
အပေါ်ထပ်ကနေ သူမလေးရဲ့ အစ်ကိုအသံက ခပ်ဆတ်ဆတ် ထွက်လာတော့ ခေါင်းလေးက ချာကနဲ အပေါ်ကို မော့သွားတော့သည် ..... အဲဒီလူရဲ့ မျက်နှာက တော်တော် တင်းမာနေကာ ပြတင်းပေါက်ကနေ လှစ်ကနဲ ပျောက်သွားတော့သည် ဧကန္တ အောက်ကို ဆင်းလာနေတာ ဖြစ်မည် .....
လှေခါးထစ်တွေကို ကျော်ခွဆင်းလာတာလား လှေခါး လက်ရမ်းကနေ လျှောချလာလေသလား မသိ မြန်လိုက်တာများ ချက်ချင်းကြီး အောက်ကို ရောက်လာလေသည်.....
မဟာ ခေါင်းဆတ်ပြလိုက်ရင်း ....
"ဒီနေ့ ရွှေပြည်သာစက်ရုံကို သွားရတော့ အပြန်နောက်ကျနေလို့ လိုက်ပို့ပေးတာပါ"
ရဲရန်ထွဋ်တစ်ယောက် အပေါ်ကနေ ဒေါသတကြီးနဲ့ ဆင်းလာခဲ့ပေမယ့် တစ်ဖက်က ယဉ်ယဉ်ကျေးကျေး ရှင်းပြနေတော့ စိတ်ကို လျှော့ချလိုက်ရသည်....
ကိုယ်က လုံးဝ မလုပ်စေချင်ပေမယ့် ဟန်လေးက အရမ်းပျော်နေတဲ့ အလုပ်ခွင်လေ သူ့အစွမ်းအစလေးနဲ့သူ ကြိုးစားပြီး ရထားတဲ့ အလုပ်မှာ ကိုယ်က နှောက်ယှက်နေလို့ မဖြစ် ဒေါသကို ကြိတ်မှိတ်မျိုချရင်း ရဲရန် ခေါင်းညိတ်ပြလိုက်သည်....
"နောက်ဆို နောက်ကျနေရင် ဖုန်းသာ ဆက်လိုက်ပါ ကိုယ်လာကြိုမယ်"
သိပ်မကြည်သလို ခပ်တည်တည် ပြောနေရင်းက
ထွဋ်မြတ်နိုးဟန်ကို လှည့်ကြည့်ပြီး....."ဟန်လေး ဘာလို့ ကိုကြီးကို ဖုန်းမဆက်တာလဲ"
"ဟန်လေး ခေါင်းမူးပြီး ကားပေါ်မှာ အိပ်ပျော်လာလို့ ကိုကြီး အခု အိပ်ရောက်မှ နိုးတာ"
"ကျစ်"
မောင်နှမနှစ်ယောက်က အငြင်းပွါးရင်း လှေခါးပေါ်ကို တက်သွားကြပြီမို့ မဟာ ကားပေါ်တက်ပြီး မောင်းထွက်လာခဲ့တော့သည် ....
YOU ARE READING
💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
Romanceကိုယ်က မင်းရဲ့နေမင်းကြီး မဖြစ်ရရင် နေပါစေ ....နေဝင်စားတဲ့လတော့ မဖြစ်ချင်ဘူးကွာ.... ကိုယ့်အလင်းရောင်နဲ့ မင်းရဲ့အကြည့်လေး ခလုတ်တိုက်မိရင်ကို ကျေနပ်ပါပြီ....... Start date _Oct 29 2024 End date _