Part _ 29

23.5K 931 94
                                    

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 29

"သား သမီးရဲ့ ကားက အခုထိမရသေးဘူးလား "

Breakfastဝိုင်းတွင် မေမေ့ရဲ့ စကားကြောင့် ဆက်ဆက်သည် မျက်ခုံးလေးပင့်သွားသလို ကိုကိုကလည်း မေမေ့ကို ဘာပြန်ဖြေလို့ဖြေရမလဲမသိ.....

"ဟို ကားက ပြန်ပြင်ထားရတာချည်းဆိုတော့ ဆက်ဆက်ကို တမင်ပေးမမောင်းတာမေမေ "

"ဟုတ်တယ် မေမေ ဆက်ဆက်လည်း ကိုယ်တိုင်မမောင်းချင်ဘူး "

"သားနဲ့ အတူသွား အတူပြန်က အကောင်းဆုံးလေ မေမေ"

ဒေါ်မြတ်လေးက ခေါင်းတညိတ်ညိတ်လုပ်ရင်း ...

"ဟုတ်တယ် သားနဲ့အတူသွားအတူပြန်တာ အကောင်းဆုံးပဲ "

ဆက်ဆက်နဲ့ ကိုကိုသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပြုံးစိစိဖြစ်သွားလေတော့သည်....
ရှိတိုင်းအချိန်တိုင်းမှာ နှစ်ယောက်အတူတူရှိနေချင်တာ နှစ်ယောက်လုံးရဲ့ တူညီသော ဆန္ဒဖြစ်သည်....

"PRယူထားသူ တွေရဲ့ အစီရင်ခံစာကို မနက်ဖြန်နောက်ဆုံးထားပို့ပေးပါနော် "

"Product code ယူရတာရော အဆင်ပြေရဲ့လားမသိဘူး "

"ဟုတ်ကဲ့ GM  အဆင်ပြေပါတယ် ရှင့် "

ဒီရက်ပိုင်း Companyမှာအလုပ်များနေလေသည်...
အစားအသောက်အပြင် စားသောက်ကုန်လုပ်ငန်းများအတွက်Equipment များပါ Suppliesလုပ်တဲ့အပြင် submissionလုပ်တာကြောင့်  ဘယ်သူမှမနားရ.....

"ဆက်သီရိခေတ် "

"ဟုတ်ကဲ့ GM "

"Cannedအတွက်စာချုပ်ချုပ်ဖို့ရှိတယ်  ဖြိုးကြွယ်မအားလို့ လိုက်ခဲ့ပေး"

"ဟုတ်ကဲ့  GM "

နှစ်ပတ်လည်ပြီးတည်းက ဆက်ဆက်က ဖေဖေ့သမီးမှန်းသိကြသွားပြီး အတင်းအဖျင်းပြောနေတာတွေလည်း တိကနဲရပ်သွားကြလေသည်..
အခုလည်း ကိုကိုနဲ့ အတူတူသွားတာကိုသူတို့အမြင် ကိုကိုက သူ့ညီမလေးကိုပဲ အဖော်ခေါ်တယ်ထင်နေကြမှာမို့ ထွေထူးစဥ်းစားနေကြမှာမဟုတ်....

ဓါတ်လှေကားထဲ အတူတူ နှစ်ယောက်ယှဥ်လျက်ဝင်ကာပိတ်သွားသည်နှင့် ကိုကို့လက်တွေက ဆက်ဆက်လက်ကိုလာဆုပ်ကိုင်လေသည်....

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦Where stories live. Discover now