💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 39"ရဲရန် မင်း ဘာဖြစ်နေတာလဲ တစ်ခုခုမကောင်းတာ ဖြစ်နေလို့လား "
"တေဇာလင်းနဲ့ သူ့မိဘတွေက ပွဲချင်းပြီးပဲ မဟာ "
"ဟာ "
"မဟာက ချက်ချင်း ထထိုင်ပြီး လက်မှာဆေးသွင်းထားတာကို ဆွဲဖြုတ်ကာ အခန်းထဲက ထွက်တော့တာမို့ ရဲရန်တွဲရတော့သည်....
"ဘယ်အခန်းလဲ ရဲရန်"
"လာ ဒီကပ်လျက်က အခန်းပဲ"
အခန်းထဲကို ဝင်လိုက်တော့ ဆက်ဆက်က ကုတင်ပေါ်မှာ ပက်လက်ကလေး ရှိနေလေသည်။ ငိုထားမှန်း သိသာလှတဲ့ မေမေ့မျက်နှာကို တစ်ချက်ကြည့်ကာ သူမျက်နှာလွှဲလိုက်သည်။
"ဆက်ဆက်"
သူ့မျက်စိနဲ့ မမြင်ရမချင်း မယုံကြည်နိုင်လို့ ထလာခဲ့တာဖြစ်သည်။ ဆေးပိုက်တွေ တန်းလန်းနဲ့ ကုတင်ပေါ်မှာ သတိလစ်နေတဲ့ ဆက်ဆက်ကို မြင်ရတော့မှ သူသက်ပြင်းချနိုင်တော့သည်။ အနားကို တိုးကပ်သွားပြီး မျက်နှာလေးကို ငုံ့ကြည့်တော့ သတိလစ်နေတဲ့အချိန်မှာတောင် မျက်နှာလေးက မဲ့မဲ့လေး ဖြစ်နေရှာလေသည်။
"ဆက်ဆက်ရယ်"
ဘာဖြစ်လို့များ မျက်နှာလေးက မဲ့နေရတာလဲကွာ သတိမရှိတာတောင် မင်းလေးရဲ့ရင်ထဲမှာ သောကတွေ ရှိနေတုန်းလား မင်းကိုလေ ကိုကိုက ဟောဒီတစ်လောကလုံးမှာ အပျော်ရွှင်ဆုံး မိန်းကလေး ဖြစ်စေချင်ခဲ့တာ ဒါပေမယ့် ကိုကိုနဲ့ မင်းနဲ့က နေရာမှားပြီး ဆုံတွေ့ခဲ့ရတော့ ရင်တွေကွဲလိုက်ရတာ ကွာ အခုလည်း ကံကောင်းလို့ပါလား ဆက်ဆက်ရယ် မသေကောင်း မပျောက်ကောင်းပါလား....
ကုတင်နားကို ကပ်ကာ မျက်တောင်မခတ် ငေးကြည့်နေရင်း သူ့ရင်တွေ ပူလောင်နေရသည်.....
"ဆရာဝန်က ဘာပြောလဲ မေမေ"
"စိတ်မပူရတော့ပါဘူးတဲ့"
"ဒါဆို ဆက်ဆက်က ဘာလို့ အခုချိန်ထိ သတိမရသေးတာလဲ "
"ဆက်ဆက်"
"ဆက်ဆက်"
"မဟာ"
သူအားမလို အားမရနဲ့ ဆက်ဆက်ရဲ့ လက်ကလေးကို ဆုပ်ညှစ်ကိုင်ပြီး နှိုးနေပေမယ့် ဆက်ဆက်က တစ်ချက်ကလေးတာင် လှုပ်မလာခဲ့ပါ....

YOU ARE READING
💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
Romanceကိုယ်က မင်းရဲ့နေမင်းကြီး မဖြစ်ရရင် နေပါစေ ....နေဝင်စားတဲ့လတော့ မဖြစ်ချင်ဘူးကွာ.... ကိုယ့်အလင်းရောင်နဲ့ မင်းရဲ့အကြည့်လေး ခလုတ်တိုက်မိရင်ကို ကျေနပ်ပါပြီ....... Start date _Oct 29 2024 End date _Jan 26 2025