Part _37

31.2K 981 306
                                    

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 37

"ခိုးပြေးရအောင် ဆက်ဆက်"

"ရှင်''

ကိုကိုက အတည်ကြီး ပြောနေပြီး ကားကို အမြန် မောင်းနေတာမို့ ဆက်ဆက် ထိတ်လန့်လာရတော့သည်.....

"ကိုကို  ကားကို ရပ်နော် ဒါ ဘာလုပ်တာလဲ အခု ဘယ်ကို သွားနေတာလဲ"

ဒီနေ့ကျမှ  မီးပွိုင့်တွေ အကုန်လွတ်လာကာ ဆယ်မိုင်ကို ကျော်ပြီး စော်ဘွားကြီးကုန်းနားကိုတောင် ရောက်လာတော့သည် ...

"ကိုကို ကိုကို့ ဒီလို လုပ်လို့ မရဘူးလေ ကားကို ရပ်လို့"

မဟာ ကားကို လမ်းဘေး အဆင်ပြေတဲ့နေရာမှာ ထိုးရပ်လိုက်ပြီး .ဆက်ဆက်ဘက်ကို လှည့်ကာ ....

"မေမေတို့က လုံးဝ သဘောမတူတော့ ကိုကို့တို့ ထွက်ပြေးရအောင်နော်ကလေး ဆက်ဆက်လည်း ကိုကိုနဲ့ မခွဲနိုင်ဘူး မဟုတ်လားဟင် "

".............."

"ဖြေပါဦး သဲရယ် ကိုကို့ကို ချစ်တယ် မဟုတ်လားဟင် မဖြေချင်ရင်လည်း ခေါင်းလေးပဲ ညိတ်ပြလေကွာ နော် ဖြစ်လာသမျှ ပြဿနာ ကိုကိုက ရအောင် ရှင်းမှာမို့  သဲလေးက တစ်ခုပဲ တစ်ခုလေးပဲ ခေါင်းလေးပဲ ညိတ်ပြရင် ရပြီ ကျန်တာအားလုံး ကိုကို့တာဝန်ထား"

"............"

"ကိုကိုတို့ ဟိုးအဝေးကြီးကို ထွက်သွားပြီး အတူတူ နေကြရအောင်လေ နော် ဆက်ဆက်နဲ့ ကိုကိုက ခွဲနေရတာ ကြာလှပြီလေ အခုမှ ပြန်တွေ့ရတာလေကွာ ထပ်ပြီး ခွဲမနေချင်တော့ဘူး ကိုကို ဘယ်လောက်ထိ လွမ်းနေခဲ့ရလဲ ဆိုတာ သဲ သိလို့လား ထပ်ပြီးတော့ မခွဲပါရစေနဲ့တော့ကွာ  "

".............."

"ဆက်ဆက်"

"အချစ်"

သူ့ကို စကားတစ်ခွန်းမှ အဖြေပြန်မပေးတဲ့ဆက်ဆက်ကြောင့် မဟာသည်ရင်ထဲပူလာရတော့သည်.....

"ဆက်က ကိုကို့လောက် မချစ်ဘူးလားဟင် ကိုကို တစ်ယောက်တည်း ရူးနေခဲ့တာလား အဲဒီလိုဆိုလည်း ရပါတယ််ကွာ ဘာမှ မဖြစ်ဘူး ကိုကိုကတော့လေ ဆက်ဆက်နဲ့ ခွဲရမယ်ဆိုရင် ရင်ကွဲရတော့မှာမို့ ဆက်ဆက်ကို ခိုးလာတာ ..ကိုကို့ကို သနားပါကွာနော် ကိုကိုတို့ လက်ထပ်ရအောင်နော် ကလေး"

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦Where stories live. Discover now