Part _ 32

26K 863 39
                                    

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 32

"ငါထင်တယ်  ရဲရန် "

" အေးလေ မင်းထင်တဲ့ကောင်က ဘယ်သူလဲလို့ ဟေ့ကောင် မဟာ ငါစိတ်မရှည်တော့ဘူး "

"ငါ.. ငါ... ငါလို့ ဟေ့ကောင် "

"ဘာ ! "

ရဲရဲထွဋ်ရဲ့ မျက်နှာက လုံးဝ မယုံကြည်နိုင်သလို တအံတဩ ဖြစ်နေပြီး မျက်လုံးတွေက ပြူးကျယ်ဝိုင်းစက်နေလေသည် ။ မဟာရဲ့ရုပ်ကို အကဲခတ်သလို စိုက်ကြည့်နေရာက အတည်ပြောနေမှန်း သိတော့ ဒေါသတကြီး ဖြစ်လာပြီး....

"မင်း မင်း မင်း အခု...ဘာပြောလိုက်တာလဲ မဟာ "

ရဲရန်ထွဋ်အသံက တော်တော်လေး
ကျယ်သွားတာကြောင့် မဟာမင်းခတ် နားတောင်အူသွားရသည် ....

စတွေ့ပါပြီ ဆိုကတည်းက အတွင်းစိတ်ကို မှန်းလို့ မရလောက်တဲ့အထိ အေးဆေး တည်ငြိမ် တည်တံ့ပြီး အနေအထိုင် အပြောအဆို smart ဖြစ်လှတဲ့
ရဲရန်ထွဋ်တစ်ယောက် ဒေါသတကြီး ဖြစ်တာကို မဟာ ပထမဆုံး မြင်ဖူးတာပါပဲ ..

တရင်းတနှီးနဲ့ ပခုံးကို ခပ်ဖွဖွ ပုတ်လိုက်ရင်း......

"အာ ...ရဲရန် ယောက်ဖ...မင်းကလည်း စိတ်ချည်းပဲကွာ စိတ်လျှော့ပြီး ငါပြောတာ ကိုသေချာ နားထောင်စမ်းပါဦး"

".............."

ယောက်ဖလို့ အခေါ်ခံလိုက်ရတာမို့ ရဲရန် နားထဲမှာ အူသွားပြီး တစ်ကိုယ်လုံး တင်းကနဲ ဖြစ်သွားရသည်....

"ငါတို့က မင်းကို တမင် ညာထားတာ မဟုတ်ပါဘူး .... ဒါပေမယ့် ဒါက အလွယ်တကူ ပြောထွက်တဲ့ ကိစ္စမျိုး မဟုတ်ဘူးလေကွာ"

ရဲရဲထွဋ်က ဘာစကားမှ ထပ်မပြောတော့ပေမယ့်  မဟာကို စားတော့ဝါးတော့မလို  ကြည့်နေကာ လက်သီးကို တင်းတင်း ဆုပ်ထားလေသည်....

"ငါနဲ့ဆက်ဆက်နဲ့က ဘာမှ မတော်ဘူး ရဲရန် ငါက...မွေးစားသားပါ"

"ဟင်"

သူ့စကားဆုံးတော့ နီရဲတင်းမာနေတဲ့ ရဲရန်ရဲ့ မျက်နှာကြောက ပြေလျော့သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်....

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦Where stories live. Discover now