Part _ 40

33.5K 1K 198
                                    

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 40

"အစစ အရာရာအတွက် စိတ်ချပါ မမြတ်လေး
ခင်ဗျားစိတ်ထဲမှာ ရှိတာကို ကျွန်တော်အားလုံး မြင်ပါတယ် သဘောလည်းပေါက်ပါတယ် ခင်ဗျားဘက်က ပြန်ပြီးသဘောပေါက်နားလည်ဖို့က သမီးလေးဟာ ခင်ဗျားမွေးခဲ့တာ ဆိုပေမယ့် ကျွန်တော့်အိမ်မှာ ပိုပြီးအနေကြာခဲ့တော့ သမီး ဘာဖြစ်နေသလဲ ဘာဖြစ်ချင်တာလဲဆိုတာကို ကျွန်တော်က ပိုမြင် ပိုသိတယ်ဆိုတာပါပဲ"

"ဒီအခြေအနေတွေ ရောက်နေမှတော့ ငါကအရင်း သူကမွေးစားတာ ဆိုတာမျိုးတွေလည်း လာတွက်ကတ်မနေပါနဲ့တော့ဗျာ.... ခင်ဗျား မဟာကို ဘယ်လောက်ချစ်သလဲ ဘယ်လိုသဘောထားလဲ သမီးဆက်ဆက်အပေါ်ကို ထားတဲ့မေတ္တာနဲ့ ဘာကွာသလဲ အဲသလိုပဲပေါ့ဗျာ ကိုယ့်မျက်စိအောက်မှာ ကြီးပြင်းလာမှတော့ ကိုယ့်ရင်က ဖြစ်တဲ့သားသမီးနဲ့မခြား ချစ်ကြတာချည်းပဲပေါ့"

"ခင်ဗျားကမှ ပိုချစ်တာ မေတ္တာတွေ ပိုကြီးတာတွေလည်း မလုပ်ချင်ပါနဲ့တော့  ခင်ဗျားက မွေးထားတဲ့အမေမို့ ခင်ဗျားတို့ ဆန္ဒကို ဦးစားပေးခဲ့တာ ကျွန်တော့်သမီးလေးက အခု မသေရုံတမယ်ပဲ ရှိတော့တယ်လေ ......ကျွန်တော့်သမီးကို ကျွန်တော်ခေါ်သွားမယ် သမီးလေး အရင်လို ပြန်ဖြစ်လာအောင် ကျွန်တော် စောင့်ရှောက်မယ်"

"လာ သမီးလေး သွားစို့"

"ဟုတ်ကဲ့ ဖေဖေ"

"အန်ကယ်နဲ့ အန်တီ ခွင့်ပြုပါဦးခင်ဗျ"

သမီးလေးက ဦးအောင်ထွဋ်နောက်ကို  တကယ်ကြီး လိုက်သွားပြီမို့ မောင်ရဲရန် နှုတ်ဆက်နေတာကို ခေါင်းသာ ညိတ်ပြပြီး ဘာမှတောင် ပြန်မပြောနိုင်.....

"ကျွန်တော်လည်း သွားပြီ မေမေ"

"..........."

သူမကို ကျောခိုင်းပြီး ထွက်သွားကြတဲ့ သားနဲ့သမီးကို ကြည့်ကာ ဒေါ်မြတ်လေး ရင်ထဲမှာ တုန်လှုပ်နေပြီး ထရပ်လိုက်တော့ ကြမ်းပြင်ပေါ်ကို ခွေခနဲ ကျသွားတော့သည်.....

"ကိုကျော် ... သားနဲ့သမီးက ကျွန်မကို ထားသွားကြပြီ အဟင့် ဟင့်"

"ထားမှာပေါ့ မင်းလုပ်ခဲ့တာတွေက အချိုးမှ မပြေဘဲ"

"............."

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦Where stories live. Discover now