💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 11"မထွဋ်မြတ်နိုးဟန်....မထွဋ်မြတ်နိုးဟန် "
"ရှင် GM"
"ဘာဖြစ်နေတာလဲ "
"ဘာမှ မဖြစ်ဘူး GM "
"မေမေစောင့်နေတယ်ထင်တယ် အထဲဝင်တော့ "
"ရှင် ....ဟုတ် "
ထွဋ်မြတ်နိုးဟန် အိမ်ထဲဝင်သွားတော့မှ
မဟာမင်းခေတ်သည် ထွန်းလရောင်ဘက်လှည့်လိုက်ကာ..."ဘာဖြစ်နေတာလဲ မင်း အေးဆေးမနေဘူး မင်းနဲ့သိတာလည်းမဟုတ်ဘဲနဲ့ ကျော်သွားလိုက်ရင်ရနေတာကို "
"မသိဘူးကွာ အဲကောင်မလေးမြင်ရင်ကို စချင်နေသလိုလို အမြင်ကတ်သလိုလိုနဲ့ ....ဒါနဲ့ သူက ပိတ်ရက် မင်းတို့အိမ်ကို ဘာလာလုပ်တာလဲ"
"ငါခေါ်တာ မဟုတ်ပါဘူး မေမေခေါ်တာဖြစ်မယ် ငါတောင်မသိဘူး...."
"ဟင် အန်တီမြတ်က ဘာလို့လဲ "
"သိတဲ့အတိုင်းကွာ ဆက်ဆက်အရွယ်တွေ့ရင် မေမေက သိတယ်မလား ''
"သြော်...."
ထွန်းလရောင်လည်း ပြန်သွားတော့ မဟာအိမ်ထဲဝင်လာတော့ မေမေနဲ့ ထွဋ်မြတ်နိုးဟန်က စကားတွေပြောနေလေသည်.....
"သား ထမင်းစားရအောင်လေ ဒီမှာ သမီးလေးလည်းဆာရောပေါ့ "
"အာ မဟုတ်တာ သမီးကရတယ် အန်တီ"
"ကဲ သားနဲ့ သမီးထိုင်ဦး မေမေ မခိုင်နဲ့ ထမင်းပွဲသွားပြင်လိုက်မယ် "
မေမေက ပြောပြီးထသွားတာကြောင့် မဟာလည်း ခုံမှာ ဝင်ထိုင်လိုက်ရလေသည်...
"ပိတ်ရက်ကြီး အားနာစရာကွာ....နောက်ဆို မေမေဖုန်းဆက်ရင် အကြောင်းတစ်ခုခုပြလိုက်ပါ "
"ဟို ရပါတယ် GMရဲ့ အန်တီကိုကြည့်ရတာလည်း သနားစရာ....အင်း ဒါပေမယ့် ကျွန်မက အန်တီသမီးမှ မဟုတ်တာလေ ဒါကို အန်တီကိုကွဲကွဲပြားပြားသိစေချင်တယ် အန်တီကျွန်မကိုမေးခွန်းတွေအများကြီးမေးတယ်....ကြည့်ရတာ အန်တီစိတ်ထဲ confuseဖြစ်နေသလိုပဲ "
"အင်း မင်းတင် မဟုတ်ဘူး မင်းတို့အရွယ်တွေ့တိုင်း မေမေက ဒီလိုပါပဲ မင်းကတော့ TBBကဆိုတော့ သူပိုပြီး အနားကပ်လို့ကောင်းတာပေါ့ "
![](https://img.wattpad.com/cover/380593872-288-k169153.jpg)
YOU ARE READING
💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
Romanceကိုယ်က မင်းရဲ့နေမင်းကြီး မဖြစ်ရရင် နေပါစေ ....နေဝင်စားတဲ့လတော့ မဖြစ်ချင်ဘူးကွာ.... ကိုယ့်အလင်းရောင်နဲ့ မင်းရဲ့အကြည့်လေး ခလုတ်တိုက်မိရင်ကို ကျေနပ်ပါပြီ....... Start date _Oct 29 2024 End date _