Part _ 17

21.4K 894 124
                                    

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 17

အဝတ်အစားလဲပြီးသည်အထိ ဆက်သီရိခေတ်သည် အခန်းပြင်မထွက်ရဲဘဲဖြစ်နေရလေသည်....
သူမရှိဘူးထင်လို့ သူ့အခန်းကိုဝင်ပြီး ရေချိုးမိတာပါ ဒီလိုအစောကြီးပြန်လာတတ်မှန်းသိရင်သူ့အခန်းထဲမဝင်ပါဘူး....
ဒါပေမယ့် သူ့အခန်းထဲဝင်တာ လူမိထားပြီဆိုတော့ ပိုင်ရှင်မရှိဘဲဝင်မိတာကိုတောင်းပန်ရမှာပေါ့....

သူ့မျက်နှာကြီးကပေါ်လာတာကြောင့် ဟန်လေးသည် ခေါင်းကိုခါယမ်းထုတ်လိုက်လေတော့သည်..
သူက ဆက်ဆက်ရဲ့အစ်ကိုလေ အစ်ကိုရင်းမို့ အရင်ကထားခဲ့ဖူးတဲ့စိတ်တွေလျှော့ချလိုက်ပါတော့....

ဟန်လေးအခန်းထဲကထွက်လာတော့ တစ်ဖက်က အခန်းထဲကနေ GMလည်းထွက်လာလေသည်...
ဟန်လေးကို တစ်ချက်ကြည့်ကာ အခန်းထဲက ထွက်ဖို့လုပ်နေ​တာကြောင့်....

"GM"

လှမ်းနေတဲ့ ခြေလှမ်းတွေရပ်တန့်သွားပေမယ့် ခန္ဓာကိုယ်ကတော့ လှည့်မလာပါ...
ဟန်လေးကပဲ သူ့အရှေ့ မဝံ့မရဲလေး ရပ်လိုက်ရလေသည်.......

"အခန်းထဲ ခွင့်မတောင်းဘဲ ဝင်မိလို့တောင်းပန်ပါတယ်နော် "

"ဒါပြောမလို့လား ဖယ်တော့ ငါအလုပ်ပြန်သွားရတော့မယ် "

"ဟုတ် "

ဟန်လေးဖယ်ပေးလိုက်ပေမယ့် GMကဆက်မသွားသေးဘဲ..

"ဒါနဲ့ မင်းကအလုပ်ဆက်လုပ်မှာလား မလုပ်တော့ဘူးလား မဆင်းတာဘယ်နှစ်ရက်ရှိပြီလဲ "

"မဟုတ်တာ  ကျွန်မ ဒီအလုပ်ကိုဘယ်လောက်သဘောကျလိုက်သလဲ အလုပ်ပြန်ဆင်းမှာပါ မေမေကို ပြောပြီးတာနဲ့ အရင်လိုပြန်ဆင်းမှာပါ "

"မေမေကိုပြောရင်တော့ ခွင့်ပြုချင်မှခွင့်ပြုလိမ့်မယ် ဖေဖေနဲ့တိုင်ပင်လေ မင်းလိုချင်တဲ့ရာထူးတောင်းပေါ့ "

"ဟင် မဟုတ်တာ ဟန်လေးက ဖေဖေသမီးဖြစ်သွားတာနဲ့ ရာထူးတိုးတောင်းဖို့စိတ်ကူးမရှိပါဘူးနော်  နဂိုနေရာမှာပဲလုပ်မှာပါ "

မဟာမင်းခေတ်သည် တစ်ချက်ပြုံးသွားရရင်း...

"ငါ့ညီမ ပီသသားပဲ"

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦Where stories live. Discover now