Part _ 26

20.7K 805 42
                                    

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 26

"မြတ် "

"ပြောလေ ကိုကျော် "

"သားနဲ့ မူမူသမီးကိစ္စက အတည်လား "

"ကိုကျော်ရယ် ဒါကလေးကစားစရာမှမဟုတ်တာ အတည်မဟုတ်ဘဲ မြတ်က တစ်ဖက်ကိုနားဖောက်မလားရှင့် "

"မူမူကိုပြောလိုက်ပြီလား "

"အင်းလေ ဟိုလိုဒီလိုတော့ပြောထားတာပေါ့ ဘာဖြစ်လို့လဲ ကိုကျော်က သဘောမကျဘူးလား "

"မဟုတ်ဘူးလေ သားက စိတ်မပါဘူးလားလို့ "

"ဒီကောင်လေး အလုပ်မက်နေတာ ကိုကျော်အသိပဲ ကျွန်မသာ မတွန်းပို့ရင် ထူးလာမှာမဟုတ်ဘူး ... ဘာကောင်လေးမှန်းကိုမသိဘူး... ရည်းစားကလည်းကျောင်းတုန်းကတော့ရှိပါရဲ့ အလုပ်ထဲဝင်တည်းက ကောင်မလေးထားသံလည်းမကြား အလုပ်မှအလုပ်ဖြစ်နေတာ ကြာရင် လူပျိုကြီးစာရင်းဝင်သွားမယ် "

"ယောက်ျားလေးပဲကွာ လူပျိုကြီးဖြစ်တော့လည်း ဘာအရေးလဲ အရည်အချင်းသာရှိရင်ကြိုက်တဲ့အချိန်ယူလို့ရတယ် "

"မရပါဘူး မြတ်ကတော့ ချစ်စရာမြေးတွေလိုချင်လှပြီ သမီးကငယ်သေးတယ် သားကိုပဲအစွံထုတ်ရမယ် ....ပြီးတော့ မူမူတို့မိသားစုဆိုတာ အတွင်းသိ အစင်းသိတွေ သမီးထူးလေးဆို လှလည်းလှ တော်လည်းတော် အကျင့်စာရိတ္တဘာမှပြောစရာမရှိဘူး ငယ်ငယ်တည်းက ကိုယ့်မျက်စိရှေ့ကြီးလာတဲ့ကလေး အဖေတွေရော အစ်မတွေရော အစ်ကိုတွေရော ဆရာဝန်မျိုးရိုး ကျွန်မသားနဲ့အလိုက်ဖက်ဆုံးက ထူးလေးပဲရှိတယ် "

"ရော့ ရေ "

ဦးကျော်ခေတ်က စားပွဲက ရေဘူးကိုလှမ်းပေးလေသည်..

"ဘာတုံး "

"မင်းမောနေသလားလို့ "

"ဘာ....ကိုကျော် ...ရှင်နော် "

"မဟုတ်ပါဘူး မမောမပန်း မင်း​ပဲစကားပြောသွားတော့ မောမလားလို့ပါ ..."

"မောစရာလား မမောဘူး ကလေးတွေကို
သံယောဇဥ်တွယ်သွားစေချင်တယ် ရှင့်သားက အေးတိအေးစက် သမီးထူးက ဟိုးငယ်ငယ်တည်းက ကိုမဟာဆိုပြီး ချစ်ရှာတယ် သံယောဇဥ်တွယ်ရှာတယ်...."

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦Where stories live. Discover now