💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 36သားနှင့်သမီးကို ကြည့်ကာ ဦးအောင်ထွဋ် သက်ပြင်းကြိတ်ချလိုက်ရင်း....
"သမီးကလေး"
"ရှင်"
"မငိုပါနဲ့ သမီးရယ် လူ့ဘဝကြီးမှာ နေတယ်ဆိုတာ ဒီလိုပါပဲ ပျော်ရွှင်ရယ်မောရတာလည်း ရှိမယ် ငိုကြွေးပူဆွေးရတာလည်းရှိမယ် အမျိုးမျိုး ကြုံရဆုံရ ခံစားပြီးနေကြရတာက လူ့ဘဝပါပဲ အဲဒါကို လောကဓံလို့ခေါ်တယ် "
"အခုမှ ပြဿနာဖြစ်စ သွေးပူနေတုန်းဆိုတော့ သမီးလေးက ဘယ်ခံနိုင်ပါ့မလဲကွယ် ... နည်းနည်းလေး သည်းခံလိုက်ပါ သမီးရယ် အချိန်လေး နည်းနည်းကြာသွားရင် သမီးလေး နေသားကျသွားမှာပါ"
"ဘယ်တော့မှ နေသားကျနိုင်မှာ မဟုတ်ပါဘူး ဖေဖေရယ် ... အိမ်မှာ နေရတာ ဆက်ဆက်ရှက်တယ် ဒီအတိုင်း နေနေရင်းနဲ့ကို ဆက်ဆက်က အပြစ်သား ဖြစ်နေတယ်လေ အဟင့် ဟင့်"
"သမီးလေးရယ်"
"ဖေဖေ"
"ဟင်"
"ကိုကိုနဲ့ ဆက်ဆက်က ဘာမှ မတော်ကြဘူးလေ အဲဒါကို ဘာလို့ အပြစ်ဖြစ်ရတာလဲဟင် ... ဆက်ဆက်တို့က ရှေ့ဆက်မတိုးပါဘူး.. ဒီအတိုင်းလေး နေမယ်လို့ ပြောတာကို မေမေက မရဘူး စိတ်မချဘူး... တခြားလူနဲ့ ယူရမယ်တဲ့ ... ဟင့်ဟင့်ဟင့် ကိုကို မိန်းမ မယူရင် ဆက်ဆက် ယောက်ျားယူရမယ်တဲ့ ဖေဖေ"
"သမီးရယ်"
"ချစ်နေရုံလေးနဲ့ကို ဒီလောက်တောင်ပဲ အပြစ်ကြီးတာလား ဖေဖေ"
"လူဆိုတာ သမီးရယ် ကိုယ်တစ်ဦးတစ်
ယောက်ထဲ တစ်မိသားစုထဲ နေတာ မဟုတ်တော့ အများရဲ့ အမြင်မှာ သင့်တော်အောင် ကဲရဲ့စကားတင်း အဆိုခံရတာ လွတ်အောင် နေထိုင်ကြရတယ်""မိတ်ဆွေ အပေါင်းအသင်း ဆွေမျိုးသားချင်း အိမ်နီးချင်း လုပ်ဖော်ကိုင်ဖက် စသဖြင့်ပေါ့ သမီးရယ် အသိုင်းအဝိုင်း ကြီးရင် ကြီးသလောက် ထိန်းသိမ်းရမယ့် အနေအထားက ပိုပြီးတော့ ကျယ်ပြန့်တယ်"
"သမီးလေးရဲ့ မိဘတွေက ဒီနိုင်ငံမှာ လူသိများတဲ့ လုပ်ငန်းရှင်တွေလေ အဲဒီတော့ ပိုပြီးတော့ ဂရုစိုက်သင့်တာပေါ့ကွယ် သမီးရဲ့မေမေ ပြောတာက အဲဒီသဘောပါ သားမဟာနဲ့ သမီးလေးဟာ မောင်နှမတွေပါလို့ လူအများက သိထား လက်ခံထားကြတော့ မမြတ်လေးနေရာက ကြည့်ရင်လည်း မမှားပါဘူး သမီးရယ်"
YOU ARE READING
💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
Romanceကိုယ်က မင်းရဲ့နေမင်းကြီး မဖြစ်ရရင် နေပါစေ ....နေဝင်စားတဲ့လတော့ မဖြစ်ချင်ဘူးကွာ.... ကိုယ့်အလင်းရောင်နဲ့ မင်းရဲ့အကြည့်လေး ခလုတ်တိုက်မိရင်ကို ကျေနပ်ပါပြီ....... Start date _Oct 29 2024 End date _