Part _22

24.1K 946 107
                                    

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 22

သူမက သူ့ကိုအလွန်အမင်းအံ့သြနေသော အကြည့်များဖြင့်ကြည့်လျက် မျက်ရည်များစို့လာရင်း...

"ဘယ်လိုတွေတောင် "

"ချစ်တယ်....ကိုယ်မင်းကို ချစ်တယ် ဆက်ဆက်"

ဆက်ဆက်သည် ကိုကို့ နှုတ်ဖျားက ပြောလာသောစကားကို နားဖြင့် သေချာကြားလိုက်ရတာကြောင့် တစ်ကိုယ်လုံးက သွေးများ ခဲတောင့်သွားသကဲ့သို့ ထုံပင်းသွားလေတော့သည်။

ကိိုကို့ရဲ့နှုတ်ထွက်စကားကြောင့် ချိုးဖျက်ကာ ရုန်းထွန်လာသည့် ဆက်ဆက်ရဲ့စိတ်ဝိညာဥ်ဟာ နှလုံးသားကို တိုက်ရိုက်လှုံ့ဆော်လိုက်တာကြောင့် မနည်းသတိကိုကပ်ရင်း ကျလုဆဲဆဲမျက်ရည်ကို လက်ခုံဖြင့်ဖိသုတ်လိုက်လေသည်။

"ကိုကို ..... ရူးနေလား "

ဆက်ဆက်ကို ချစ်ပါသည်ဟူသော ကိုကို့ရဲ့ ဝန်ခံစကားသည် အစ်ကိုတစ်ယောက်က ညီမလေးတစ်ယောက်ကို ချစ်ပါသည်ဟုပြောတာမျိုး မဟုတ်ဘဲ ဘယ်လို အဓိပ္ပါယ်ဖြင့် ပြောသလဲ ဆိုတာကို ဆက်ဆက် သိနားလည်နေလေသည်...

ခုနက နမ်းလာသော အနမ်းသည်လည်း  သွေးသား မောင်နှမချင်း မလုပ်အပ်သော အပြုအမူ ဖြစ်လေသည်။ဆက်ဆက်တို့နှစ်ယောက်ဟာ ဘယ်လိုပင် ဝေးကွာခဲ့ပြီး စိမ်းသက်ခဲ့ဦးတော့ အခုချိန်မှာ သွေးရင်းမောင်နှမဖြစ်နေတာကိုနှစ်ယောက်လုံးလည်း သိသိနဲ့ ကိုကိုဘာလုပ်တာလဲ....

"ဟုတ်တယ် မင်းကို ချစ်တဲ့စိတ်နဲ့ ကိုယ်ရူးနေရပြီ ဆက်ဆက် "

ဆက်ဆက်တစ်ကိုယ်လုံး ကြက်သီးမွှေးမျှင်များ ထလာကာ ခေါင်းကို ခါယမ်းပစ်လိုက်လေတော့သည်။

"အဲဒီလို ဖြစ်လို့မရဘူးလေ ချစ်လို့လည်း မရဘူးလေ ဆက်ဆက်က ကိုကို့ညီမလေးပါ ကိုကို"

မဟာသည် ဒီမဟာလျှို့ဝှက်ချက်ကြီးကို စ သိခဲ့စဉ်ကတည်းက ယနေ့ အချိန်အထိ မည်သူ တစ်ဦးတစ်ယောက်ကိုမှ ဖွင့်ပြောခဲ့ခြင်းမရှိဘဲ ရင်ထဲမှာပဲ သိမ်းဆည်းကွယ်ဝှက်ခဲ့တာ နှစ်ပေါင်း ဘယ်လောက်တောင် ကြာမြက်ြခဲ့ပြီလဲ.....

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦Where stories live. Discover now