Part _ 49

39.2K 1.2K 96
                                    

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 49

Dinner ပြီးတာနဲ့ ဟိုတယ်ကို ရောက်တော့ ညနက်နေပြီဖြစ်သည်....Dinner မှာသောက်လာတဲ့ ဦးတေဇာလင်းဟာ ဟိုတယ်ရောက်တော့လည်း ဆက်သောက်နေတုန်းပါပဲ....

"မဟာမင်းခေတ် မဟုတ်လား "

"ရှင် "

"ဘေဘီ့ကောင်က မဟာမင်းခေတ် မဟုတ်လားလို့"

"မ... မဟုတ်ဘူး .....!!!  "

"အကြောက်အကန် ငြင်းနေပုံထောက်ရင် ဟုတ်နေတာပဲ မင်းတို့ အကြည့်တွေက ဒီလောက် သိသာနေတာ "

"မဟုတ်ဘူးလို့ ပြောနေတယ် မဟုတ်လား သူက ကျွန်မအစ်ကိုလေ ရှင်ရူးနေသလား "

"ဘာလို့လဲ ဘေဘီ သူ့ကို
ငါ သတ်လိုက်မှာစိုးလို့လား "

"ဦးတေဇာလင်း....!! "

"အဟား ဟား ဟား  "

"အခု မင်းငါ့ကို မချစ်ဘူးဆိုတာတော့ ငါ သိပြီးပြီ ....နောက်ရော ချစ်လာဖို့ ရှိလား ဘေဘီ"

အရက်ခွက်ကိုင်ကာ ဆက်ဆက်ထိုင်နေတဲ့အနားကို လျှောက်လာကြီး ဆက်ဆက်မျက်နှာကို ဆွဲမော့ကာ....

"ဖြေလေ "

"................."

"ဟေ့  ငါ မေးနေတာကိုဖြေ "

"မူးနေရင် အိပ်လိုက်ပါတော့ ဦးတေဇာ "

"သြော် ... အိပ်ရတော့မှာလား ဒီည ဘေဘီနဲ့ကိုယ်ရဲ့ မင်္ဂလာဦးညလေကွာ "

သူ ဒီစကား ပြောလိုက်တော့ ကောင်မလေးရဲ့ မျက်နှာက ပျက်ကျသွားပြီး ငိုချတော့မယ့် အရိပ်အယောင်တွေ တွေ့လာရသည်...

"အဟက်  ကြောက်သွားတာလား ...ငါကလည်း မင်းနဲ့ အိပ်ချင်စိတ် မရှိဘူး ဖြစ်နေတယ်ကွာ"

"   တေဇာလင်းဆိုတဲ့ငါက ချစ်လွန်းလို့  ရအောင် ယူခဲ့မိတဲ့ မိန်းမက ငါ့ကို မချစ်ဘူးတဲ့ .. အပျိုလည်း မဟုတ်ဘူးတဲ့ ငါ့ကိုလည်း မရချင်ဘူးတဲ့ မင်္ဂလာပွဲ ဖျက်ချင်တယ်တဲ့"

"ဟားဟားဟားဟား"

"ဟားဟားဟားဟား"

ဦးတေဇာလင်းက အရူးတစ်ယောက်လို မနားတမ်း ဟားတိုက်ရယ်မောနေပြီး ဆက်ဆက်ရဲ့မျက်နှာကို တွန်းကာ  ဆိုဖာရှည်ပေါ်မှာ ခြေပစ်လက်ပစ် လှဲချပြီး အိပ်လိုက်တာကြောင့် ဆက်ဆက်ကြောက်နေသည့် စိတ်များ လျော့ကျသွားပြီး သက်ပြင်းချလိုက်မိတော့သည်.....

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦Where stories live. Discover now