Part _ 51

39K 1.2K 89
                                    


💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 51

"ကိိုကို့ "

"ပါး"

"ဟင်"

Luggage ဆွဲကာ အထဲကို ဝင်တော့မယ့် ကိုကိုက ဆက်ဆက်ရဲ့ အသံကြောင့် လှည့်ကြည့်လာကာ အံ့သြသွားလေသည်...

အနားကို အပြေးလေး တိုးကပ်သွားမိရင်း..

"ဆက်ဆက်တို့သားအမိကို မထားခဲ့ပါနဲ့ ကိုကိုရယ်"

"ဟင်"

သားလေးရော ဆက်ဆက်ပါ မျက်နှာတွေ နီရဲပြီး ဖောင်းနေအောင် ငိုထားတာ မြင်လိုက်ရလို့ စိုးရိမ်စိတ်က  ဆောင့်တက်သွားရဆဲ ဆက်ဆက်ရဲ့ နှုတ်ခမ်းဖျားက ထွက်ကျလာတဲ့ စကားသံလေးကြောင့် မဟာ အံ့ဩသွားရတော့သည်။

"သဲ"

"အဟင့် ဟင့် ဆက်ဆက်တောင်းပန်ပါတယ် ကိုကိုရယ်..မသွားပါနဲ့နော် ဆက် ဆက်ဆက်လေ ကိုကို့ကိုသာ မတွေ့ရတော့ဘူးဆိုရင်  နေ နေလို့ရမှာ မဟုတ်ဘူး အဟင့် ဟင့်"

"ကိုယ့် သဲရယ်"

သူအလုပ်ကိစ္စနဲ့ ခရီးသွားစရာ ရှိတာကို ဘယ်သူက ပလေးလိုက်သည်မသိ။ရင်ထဲမှာ သိုဝှက်ထားရှာတဲ့ ခံစားချက်လေးတွေ ပွင့်အံထွက်ကျလာတဲ့ သူရဲ့အသဲနှလုံးလေးကို မဟာ ကြင်ကြင်နာနာနဲ့ ထွေးပွေ့ထားလိုက်မိတော့သည်။

အမြဲတမ်း အလိုက်သိပြီး လိမ္မာလွန်းလှတဲ့ သူ့ရဲ့သားကလေး ဘာဘာကတော့ အခုလိုချိန်မှာလည်း သိတတ်နေပြန်တာပါပဲ။ သားအမိလေးနှစ်ယောက်ကို သူတင်းနေအောင် ဖက်ထားမိသမျှ တစ်ချက်ကလေးတောင် မအော်မရုန်းဘဲ ငြိမ်ငြိမ်သက်သက်လေး နေပေးရှာလေသည်။

"အဟွန်း"

မဟာမင်းခေတ် ကျေနပ်ကြည်နူးစွာ ပြုံးလိုက်မိရင်း ....

"ဒါ  ကိုကို့ကို လက်ခံပါပြီဆိုတဲ့ အဓိပ္ပါယ်ပေါ့လေ ဟုတ်လား သဲ"

"..............."

"ဟိတ် ..တိတ်တိတ်လေး ငြိမ်မနေနဲ့နော်  ပါးစပ်က မဖြေရင် မဟာတို့က public ကြီးမှာလည်း ဂရုမစိုက်ဘူး နမ်းပစ်လိုက်မှာခင်ဗျ"

"ကိုကိုနော် ဖယ် လွှတ်တော့"

"အဟားဟား ...လာ သားလေးက ပါးဆီလာ"

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦Where stories live. Discover now