💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 9"မင်္ဂလာပါ အန်တီ"
"ထိုင် သမီးလေး ထိုင်"
"ဟုတ်ကဲ့ပါ အန်တီ"
ပြန်ထိုင်ချလိုက်တဲ့ ကလေးမလေးကို ဒေါ်မြတ်လေး သေချာ ကြည့်နေမိသည် ....ကိုယ်က သမီးပျောက်ထားတဲ့သူဆိုတော့ သမီးလေးအရွယ် ကလေးမလေးတွေ တွေ့ရင် ဘယ်တုံးကမှ ဟန်မဆောင်နိုင် .....
ကိုယ့်သမီးလေးများ ဖြစ်နေမလား ဆိုတဲ့စိတ်နဲ့ စူးစိုက်ကြည့်ပြီး လေ့လာ အကဲခတ်ရသည်... မဟုတ်ခဲ့ရင်လည်း ဪ ငါ့သမီးကလေးလည်း ဒီအရွယ်လောက် ရောက်နေရောပေါ့ဆိုတဲ့ သမီးကို တမ်းတတဲ့ စိတ်တွေနဲ့ လူကွယ်ရာရောက်ရင် မျက်ရည် သုတ်ရသည်....
ရှေ့က ကလေးမလေးက အသားလေးတွေ ဖြူဝင်းနေကာ သွယ်သွယ်နွှဲ့နွှဲ့လေးနဲ့ ချစ်စရာလေး ဖြစ်သည်... ဇင်ယော်တောင် မျက်ခုံးမွှေးအောက်က မျက်လုံးလေးတွေနဲ့ အကြည့်ချင်းဆုံတော့ ဒေါ်မြတ်လေး ရင်ထဲမှာ ထိတ်ခနဲ ဖြစ်သွားတာမို့ ...ရင်ဘတ်ကို ဖိထားလိုက်မိရင်း......
"ဘုရား ဘုရား"
နှလုံးတွေ တုန်လိုက်တာနော် ဆရာဝန် ခေါ်ရတော့မယ် ထင်တယ် ဒီတလော ငြိမ်နေတဲ့ နှလုံးက ဖောက်ချင်ပြန်ပြီနဲ့ တူတယ်.....
"အန်တီ နေလို့ မကောင်းဘူးလားဟင်"
"ဟင် ကောင်းပါတယ် သမီးလေးရယ် အန်တီက နှလုံး သိပ်မကောင်းတော့ တခါတရံ ဒီလိုပါပဲ"
"ဟုတ်လား ဟန်လေး ဘာလုပ်ပေးရမလဲ ဟင်"
"ရပါတယ် ဘာမှ မလုပ်ပေးပါနဲ့ သမီးရယ် အအေး ကုန်အောင် သောက်လေ ကလေး"
"ဟုတ်"
"သမီးက ဝန်ထမ်း အသစ်လား"
"ဟုတ်ကဲ့ ဟန်လေး အလုပ်ဝင်တာ သုံးလကျော်ပဲ ရှိပါသေးတယ် အန်တီ"
"နာမည်လေးက ဟန်လေးတဲ့လား"
"ထွဋ်မြတ်နိုးဟန်ပါ အန်တီ"
"အိုး နာမည်လေးက ချစ်စရာလေးပဲ သမီးတို့က မိသားစု ဘယ်နှစ်ယောက်ရှိလဲ "
"သုံးယောက်ပါ အန်တီ ဖေဖေရယ် ကိုကြီးရယ်
ဟန်လေးရယ်ပါ မေမေကတော့ ဆုံးသွားပါပြီ"
YOU ARE READING
💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
Romanceကိုယ်က မင်းရဲ့နေမင်းကြီး မဖြစ်ရရင် နေပါစေ ....နေဝင်စားတဲ့လတော့ မဖြစ်ချင်ဘူးကွာ.... ကိုယ့်အလင်းရောင်နဲ့ မင်းရဲ့အကြည့်လေး ခလုတ်တိုက်မိရင်ကို ကျေနပ်ပါပြီ....... Start date _Oct 29 2024 End date _