Part _7

18.9K 817 57
                                    

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 7

နဂိုတည်းက အပြုံးအရယ် ဆင်းရဲလှတဲ့ GMကြီးရဲ့ မျက်နှာဟာ အခု အခါမှာတော့  မျက်ခုံးထူထူနှစ်ခုက စုကျုံ့နေကာ ဟန်လေးတို့ကို မျက်ထောင့်နီဖြင့်
ကြည့်နေလေသည်....

"ကဲ အမိ လက်ပါ ပါရတဲ့အထိ ဖြစ်သွားတဲ့ ပြဿနာကို ရှင်းစမ်းပါဦး "

"ပါရလောက်တဲ့ အထိ တစ်ဖက်က ပြုမူလို့ပါမိတာပါ GM "

"အဲဒီ ပါရလောက်လို့ပါဆိုတဲ့ အကြောင်းကို သေချာပြောပြပါ "

မကေကတော့ မျက်ရည်ကြီးတွေသာ တပေါက်ပေါက် ကျနေကာ တစ်ရှုးဖြင့် ဖိကာ သုတ်နေလေသည်...

"ကဲ မကေဇင်နှင်း ငိုချည်း မနေနဲ့ ကျွန်တော့်ကို တစ်ခုခုပြောဦး ...တစ်ယောက်က ငိုနေတယ် နောက်တစ်ယောက်ကလည်း ကန့်လန့်တွေချည်း လာဖြေနေတယ် "

"ကျွန်မက ဘယ်မှာ ကန့်လန့်ဖြေလို့လဲ "

"မေးတာကို တိတိကျကျ ဖြေလေ ...ကိစ္စတစ်ခုရဲ့ အတိမ်အနက်ကို သေချာသိရမှ   ဖြေရှင်းလို့ ရမှာပေါ့....ဖြိုးကြွယ်တင်ပြချက်က ဦးဇော်မောင်က ထိကပါးရိကပါးပြောတယ် လုပ်တယ်လို့ မင်းတို့က ပြောပြထားတယ်တဲ့ ဒါကြောင့် ငါ CCTV စစ်ကြည့်တယ် ဒါပေမယ့် ရှုထောင့်က မပေါ်ဘူး "

"ဒါကြောင့် ကာယကံရှင်ဖြစ်တဲ့ မင်းတို့ကို သေချာမေးနေတာ သေချာသိရမှ ငါလည်းဖြေရှင်းလို့ရမယ်လေ ပြဿနာက ဒီထက်ကြီးလာမှာနော် တစ်ဖက်က တအားစိတ်ဆိုးသွားတာ TBBရဲ့ image ကိုပါ
ထိတော့မှာ "

"ပြဿနာကြီး မဟုတ်တဲ့ ပြဿနာ သေးသေးလေးကို မင်းတို့ဘက်က အရမ်း senstive ဖြစ်ပြီး လွန်သွားတာမျိုးဆိုရင် မကောင်းဘူးလေ ဒါကြောင့် ငါက သေချာအောင် မေးနေတာ "

GM မဟာမင်းခေတ်ရဲ့ စကားဆုံးတော့
ထွဋ်မြတ်နိုးဟန်ရဲ့ ငုံ့ထားသောခေါင်းက မော့လာတော့သည်...

"GM အမြင်မှာ ကျွန်မတို့ လွန်တယ်ထင်နေတာလား"

"ငါဘယ်သူ့ဘက်ကိုမှ တစ်ဖက်သတ် မပြောရသေးဘူး နှစ်ဖက်လုံးအတွက် မျှမျှတတ ဖြစ်အောင် မေးနေတာကွ ....ငါ မေးနေတာကို ရှင်းအောင် မပြောပြဘဲနဲ့ မင်းလေသံနဲ့ မျက်နှာပေးက ဘာအထာလဲ 
ထွဋ်မြတ်နိုးဟန် "

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦Where stories live. Discover now