💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 18GMလက်ထဲတွင် ပါဆယ်ဆွဲထားသောမုန့်ဟင်းခါးထုတ် ....
"ရော့ လှည်းတန်းကနေ ဗဟန်းထိ သွားဝယ်ထားတာ ကုန်အောင်စား"
"ရှင်"
ဟန်လေးသည် ကြောင်အစွာဖြင့် ပါးစပ်အဟောင်းသားဖြစ်နေတုန်း...
"ရော့ ယူလေ "
"ဟုတ် ကျေးဇူးပါ GM "
@@@@@@@@@@@@@@
ဟန်လေး မျက်နှာသစ် သွားတိုက်ပြီး အောက်ဆင်းလာတော့ မနက်စာဝိုင်းမှာ လူစုံနေလေသည်...မုန့်ဟင်းခါးထုတ်ကြီးကိုင်ကာ ရပ်နေသောဟန်လေးကို အားလုံးက လှည့်ကြည့်လာပြီး...
"ဟင် သမီးလက်ထဲက မုန့်ဟင်းခါးထုတ်က ဘယ်ကရလဲ "
"ဟို GMကြီး ဝယ်ပေးတာပါ "
"မေမေသမီးက နာမည်ကြီးမုန့်ဟင်းခါးတွေမှ ကြိုက်တယ်ဆိုလို့လေ မနက်စာသေချာမစားလို့ မနက်က သားအစောကြီးထပြီး သွားဝယ်ပေးထားတာ မေမေတို့က မုန့်ဟင်းခါးမကြိုက်တော့ သူ့အတွက်ပဲ ဝယ်လာလိုက်တာ "
"သမီးက မုန့်ဟင်းခါး အရမ်းကြိုက်တာလား "
"ဟုတ် မုန့်ဟင်းခါး အရမ်းကြိုက်တယ် မေမေ"
"မေမေတောင် မသိဘူးကွယ် ကိုကိုကသိပြီး ဝယ်ကျွေးတာပေါ့လေ ဟုတ်လား "
"ဟုတ် "
"မခိုင် သူ့လက်ထဲက ဟင်းရည်က အေးနေလောက်ပြီ ပြန်အပူပေးပြီး ပြင်ဆင်ပေးပါဦး "
"ဟုတ်ကဲ့ပါ ကိုမဟာ "
"ရပါတယ် ဟန်လေး စားလိုက်တော့မယ် "
"ပူပူလေး စားချင်တာဆို ''
''ရှင် ဟုတ် "
"ကဲ ထိုင် သမီးထိုင် ခိုင်ခိုင်က လုပ်တာမကြာဘူး ခဏလေးပဲ "
"ဟုတ် "
မေမေဘေးနားမှာ ဟန်လေးဝင်ထိုင်ကာ
GMကို ကြည့်လိုက်တော့ ကော်ဖီခွက်ကို ကိုင်ကာ ဟန်ပါပါ သောက်နေလေသည်....."သမီး ဟန်လေး မဟုတ်တော့ဘူးလေ မေမေတို့ရဲ့ ဆက်ဆက်လေး ဖြစ်နေပြီလေ နော် "
YOU ARE READING
💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
Romanceကိုယ်က မင်းရဲ့နေမင်းကြီး မဖြစ်ရရင် နေပါစေ ....နေဝင်စားတဲ့လတော့ မဖြစ်ချင်ဘူးကွာ.... ကိုယ့်အလင်းရောင်နဲ့ မင်းရဲ့အကြည့်လေး ခလုတ်တိုက်မိရင်ကို ကျေနပ်ပါပြီ....... Start date _Oct 29 2024 End date _