Part _ 34

24K 955 102
                                    

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 34

ဒေါ်မြတ်လေးသည် လှေကားထစ်တွေအတိုင်း တက်လာရင်း သားရဲ့အခန်းရှေ့မှာရပ်လိုက်လေသည်...တက်သာ တက်လာရတာ သားလေးများ အိပ်ပျော်နေပြီလားမသိ အချိန်က နောက်ကျနေပြီဖြစ်သည်......အနည်းငယ် ခပ်ဟဟဖြစ်နေသော တံခါးကနေ သားများ အိပ်နေပြီလားဟု ကြည့်လိုက်သောအခါ...

"ဟင် "

"ဘုရား ဘုရား"

သားရဲ့ပေါင်ပေါ်မှာ သမီးလေးက ရောက်နေကာ သားက ကျစ်လစ်နေအောင် ဖက်ထားပြီး နမ်းရှိုက်နေကြတဲ့ မြင်ကွင်းကို ကြည့်ကာ ဒေါ်မြတ်လေးရဲ့မျက်လုံးတွေ ပြာဝေသွားရတော့သည် .. ကြည့်နေရင်း လူက လုံးဝ မဟန်နိုင်တော့ဘဲ ရင်ဘတ်က  မခံမရပ်နိုင်အောင် အောင့်တက်သွားကာ ကြမ်းပြင်ပေါ်ကို ခွေကနဲ  လဲကျသွားလေတော့သည်....

အခန်းဝက အသံကြောင့် ဆက်ဆက်နဲ့ကိုကိုရဲ့ ခန္ဓာကိုယ်သည် တွန့်ခနဲ ဖြစ်သွားကာ မျက်နှာ နှစ်ခုကို ခွာလိုက်ပြီး အခန်းပေါက်ကို ကြည့်လိုက်တော့...

"မေမေ"
"မေမေ "

@@@@@@@@@@@@@@@@

ဆရာဝန်က စမ်းသပ်စစ်ဆေးမှုတွေ သေချာ လုပ်ပေးပြီး သိပ်မစိုးရိမ်ဖို့ ပြောသည်။ Nasal Cannula ကို သေချာတပ်ဆင်ပေးပြီး oxymeter ဖြင့် ထပ်ချိန်လေသည်...

"လေးနာရီလောက်တော့ အောက်ဆီဂျင်ပိုက် မဖြုတ်ဘဲ တပ်ထားပေးလိုက်ပါ မကြာခင်
သတိရပါလာလိမ့်မယ် ရုတ်တရက် Heart attack ဖြစ်သွားတာပါ သတိတော့ထားပေါ့ ... နဂိုတည်းက နှလုံးရောဂါအခံ ရှိတဲ့သူက စိတ်ထိခိုက်လို့ မရဘူး"

ဆရာဝန် ပြန်သွားတော့ ဖေဖေက သူ့ကို ကြည့်လာကာ...

"ဘယ်လိုဖြစ်ရတာလဲ သား .... မေမေ တက်သွားတာတောင် မကြာသေးဘူး သားတို့ ဘာတွေ စကားများကြလို့ မေမေက အခုလောက်အခြေအနေထိ ဖြစ်သွားရတာလဲ "

ဆက်ဆက်ကို သူ လှည့်ကြည့်လိုက်တော့ အတော်လေးကို မျက်နှာပျက်နေကာ မျက်ရည်တွေ ရစ်ဝဲနေရင်း ခေါင်းကြီးကို  ငုံ့ထားရှာလေသည်.....

"သား "

"မေမေ သတိရလာရင်တော့ စကားတွေ အများကြီး..ပြောရတော့မယ်ထင်တယ် ဖေဖေ .....အရင်ဆုံး ပြောချင်တာက ပြဿနာရဲ့အရင်းအမြစ်က သားပါ အရာအားလုံး သားကပဲ စခဲ့တာပါ "

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦Where stories live. Discover now