Part _24

27.5K 940 65
                                    

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 24

လူအုပ်ကြီးကို ကြည့်ကာ ဆက်ဆက်
ရင်တွေ တုန်လာရတော့သည်....ဒီလိုပွဲမျိုးရဲ့ အဓိကလူအဖြစ် ပါဝင်ဆင်နွှဲရမယ်ဆိုတာ  တွေးလိုက်တော့ လက်တွေတုန်ယင်ကာ အေးစက်လာလေတော့သည်...

ချိတ်ဆက်ထားတဲ့လက်လေး တုန်နေတာကို မဟာ သတိထားမိသွားတော့ သူမရဲ့ လက်လေးကို သူရဲ့ကျန်လက်တစ်ဖက်ဖြင့်  အုပ်မိုးကာ ကိုင်ထားပေးလိုက်ပြီး...

"ဘာမှ ..မကြောက်နဲ့နော်..ဆက်ဆက် အနားမှာ  ကိုကိုရှိတယ် "

"လူတွေက... အများကြီးပဲ ကိုကိုရယ်...."

"အင်း ...ဒီနေ့က ဆက်ဆက်က TBB ရဲ့တစ်ဦးတည်းသော သမီးလေးဆိုတာကို ချပြမယ့်နေ့ ...တစ်နည်းအားဖြင့် ဆက်ဆက်နဲ့ကိုကိုက ...ရှေ့ဆက်လို့ ..မဖြစ်နိုင်ဘူး...ဆိုတာကို စည်းခြားလိုက်တဲ့ နေ့ပဲ"

တိမ်ဝင်တိုးလျသော အသံလေးဖြင့် ပြောလာတဲ့ ကိုကိုရဲ့စကားကြောင့် ဆက်ဆက်ကိုကို့ကို မော့ကြည့်လိုက်တော့ အဓိပ္ပာယ်ဖော်ရခက်သော အကြည့်များနှင့် ဆုံလေသည်....

"ကိုကို "

"ဒါပေမယ့် ....ကိုယ်ကတော့ ဆက်ဆက်ကို ချစ်မြဲချစ်နေမှာပါ...အနားမှာ အမြဲ ရှိနေမယ် ...ပိုင်ဆိုင်နိုင်ဖို့ နည်းလမ်းကိုလည်း .... အမြဲ ကြိုးစားနေမှာမို့ ....ဆက်ဆက်က ကိုကို့ ကို နည်းနည်းလေးလောက်ပဲဖြစ်ဖြစ်  ...ပြန်ချစ်ပေးလို့ မရဘူးလား "

ကိုကိုရယ်.......

နည်းနည်းလေး...မဟုတ်ပါဘူး ဆက်ဆက်လည်း...ကိုကို့ ကို အများကြီး ချစ်ပါတယ်လို့ ...ဖွင့်ပြောလိုက်ချင်ပေမယ့် ပြောချင်နေသော စကားများသည် လည်ချောင်းဝမှာတင် တစ်ဆို့နေကာ ဆန္ဒများကို ချိုးနှိမ်ထားလိုက်ရလေသည်....

ကိုကိုက ဆက်ဆက်ရဲ့ အစ်ကိုတစ်ယောက်အဖြစ်  ရှိနေတာက အသင့်တော်ဆုံးပါ ကိုကိုရယ်...ဒီအတိုင်းလေးပဲ ဆက်ဆက်တို့ရဲ့ ချစ်ခြင်းတွေကို ရင်ဘတ်ထဲမှာ သိမ်းဆည်းထားတာက အကောင်းဆုံး မဟုတ်လား....

"လာ ..... သွားရအောင် "

TBB ကုမ္ပဏီရဲ့ နှစ်ပတ်လည်ပွဲကြီးမှာ ဖိတ်ကြားသော ဂုဏ်သရေရှိ ဧည့်သည်များ ဆက်စပ်လုပ်ငန်းရှင်များ ကုမ္ပဏီ ဝန်ထမ်းများနဲ့ ဖိတ်ကြားထားသော မီဒီယာများက ဟိုတယ် ခန်းမကြီး တစ်ခုလုံး ပြည့်လျှံနေလေသည် ....

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦Where stories live. Discover now