Part _23

22.9K 918 44
                                    

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 23

"ဘယ်လဲ ဒါက "

"ဖေဖေထွဋ်အိမ် "

သူမလက်ကိုကြည့်လိုက်တော့ ဖိတ်စာကိုင်ထားလေသည်...

"အန်ကယ်ထွဋ်တို့ကို ငါဖိတ်မယ်လို့ပြောထားတယ်လေ ဘာလို့အမိကသွားမှာလဲ "

"သွားလည်ရင်း တစ်ခါတည်း ဖိတ်ခဲ့မလို့လေ မရောက်တာလည်းကြာနေပြီဟာကို "

"ဖိတ်တာက ငါ ဖိတ်တာပိုမကောင်းဘူးလား "

"အတူတူပဲဟာကို "

"ကဲပါ သားလည်း အလုပ်ပိတ်တယ်ဆိုတော့ ညီမလေးနဲ့ အတူတူသားပါ လိုက်သွား ပြီးရင်တစ်ခါတည်း ခေါ်ခဲ့ ဟုတ်ပြီလား "

မေမေကတော့ ထိုအိမ်သွားရင် စိတ်မချသူပီပီ သူ့ကိုပါလိုက်သွားခိုင်းနေလေသည်....
မေမေကိုကြည့်လိုက်တော့ လိုက်သွားစေချင်သည့်ပုံမျက်နှာရိပ်ကဲလုပ်ပြနေတာကြောင့် ကားသော့ကောက်ကိုင်လိုက်လေသည်...

"သားရေ ဖိတ်စာ ပိုယူသွား သမီးထူးတို့အိမ်နဲ့ မြခက်လေးတို့အိမ်ပါ ဖိတ်ခဲ့ မေမေ မသွားအားလို့ "

"ဟုတ်ကဲ့ မေမေ "

သူ့အနေနဲ့ကတော့ ဆက်ဆက်က ရွှေဂုံတိုင်အိမ်ကိုအလည်သွားတာလောက်ထိတော့ မပိတ်ပင်ချင်ပါ...
မယုံရအောင်လည်း ရဲရန်တို့သားအဖရဲ့သိက္ခာကိုယုံကြည်ပါသည်...
တကယ့်သွေးသားရင်းလိုစောင့်ရှောက်ပြီးချစ်ပေးခဲ့တာ တစ်နှစ် နှစ်နှစ်မှ မဟုတ်တာ ...
ရဲရန်ကိုယ်တိုင်ကလည်း ဆက်ဆက်ကို ညီမလေးတစ်ယောက်လို ကာကွယ်စောင့်ရှောက်ပြီးချစ်ပေးနေတာ သူ့အမြင်ပဲလေ .....

အရင်ဆုံးမြခက်တို့ဝင်ဖိတ်ကာ ဗဟန်း၂လမ်းမှာနေတဲ့ အန်တီမူမူတို့အိမ်ကို ဒုတိယအနေနဲ့ဝင်ဖို့ဦးတည်လိုက်သည်....

"လာလေ ဆက်ဆက် "

ကိုကိုက သူနဲ့ မထူးဝင့်ထည်ကို မေမေက ပေးစားမှာသိတာလားမသိဘူးလား....
ပုံစံကြည့်ရတာတော့ မသိသေးဟန်...
တကယ်လို့ သူယူရမယ့်မိန်းကလေးက
မထူးဝင့်ထည့်ဆိုတာ  ကိုကိုသိခဲ့ရင် ဟိုညကလို ငြင်းဦးမှာလား...
ဆရာဝန်ချောချောလေးဖြစ်ကာ မေမေပြောသလိုဆို သူတို့နှစ်ယောက်က နေနဲ့လ ရွှေနဲ့မြလို ရှေ့သွားနောက်လိုက်ညီပါသည်...

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦Where stories live. Discover now