💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 14"ခင်ဗျားတို့ကို အစကတည်းက ဒေါသနဲ့ လက်ညိုးငေါက်ငေါက်ထိုးပြီး ပြောပစ်လိုက်ချင်ပေမယ့်
ကိုယ့်သမီးလေးကို ကျွေးမွေးစောင့်ရှောက်ထားတဲ့ မျက်နှာကို ထောက်ပြီး စိတ်ကို အောက်ဆုံးအထိ လျှော့ချထားခဲ့တာ ""ခင်ဗျား ပြောနေတာတွေကို ကျွန်တော် ဘာတစ်ခုမှ နားမလည်ဘူး ဦးကျော်ခေတ် ခင်ဗျားတို့မှာ သားသမီး ဘယ်နှစ်ယောက် ရှိတာလဲ ဆိုတာကိုလည်း မသိချင်ဘူး ကျွန်တော့်အိမ်ထဲကနေ အခုချက်ချင်း ထွက်သွား"
"မပူပါနဲ့ သွားမှာပါ ကျွန်တော့်သမီးကို ခေါ်ပြီးတာနဲ့ ဒီအိမ်ကို ယောင်လို့တောင် လှည့်မကြည့်ဘူး မှတ်"
"ကျွန်တော့်သမီးကို ခင်ဗျား ခေါ်သွားလို့ ရမယ်ထင်ရင် စမ်းကြည့်လိုက်လေ"
" တောက်!! ကျွန်တော့်သမီးကလေး ရှော့ရသွားမှာစိုးလို့ အေးအေးဆေးဆေး ပြောနေတဲ့ဟာကို ခင်ဗျားလူပါးဝလှချည်လား ဦးအောင်ထွဋ်"
ဦးကျော်ခတ်က စားပွဲပေါ်က စာအိတ်ဖြူကို
ဦးအောင်ထွဋ် လက်ထဲကို ပစ်ထည့်လိုက်ရင်း........"ရော့ အဲ့ဒီမှာ ကြည့် DNA စစ်ထားတာကို သေချာကြည့်"
ဒီလို အခန်းမျိုးတွေကို ဇာတ်ကားတွေထဲမှာ ဦးအောင်ထွဋ် ခဏခဏ ကြည့်ဖူး မြင်ဖူးသည် ....
ကြည့်ရတိုင်းလည်း ဒီလိုနေရာမျိုးတွေကို ဆက်ကြည့်ရဲတဲ့အထိ အသည်းမမာတာမို့ တီဗွီကို လိုင်းပြောင်းပစ်တာ ပိတ်ပစ်တာတို့ လုပ်နေကျ....အခုတော့ လက်တွေ့ဘဝမှာ သူကိုယ်တိုင် ကြုံနေရပြီဖြစ်သည်... ဟိုဘက်ကလည်း ဂုဏ်သရေရှိ လူကြီးလူကောင်းတွေမို့ မဟုတ်ဘဲ မသေချာဘဲနဲ့လည်း လာပြောမှာ မဟုတ် ....
အို ဒါဆို ငါကရော ကလေကချေမို့လို့လား ငါ့သမီးလေးကို ချစ်လွန်းလို့ မခွဲနိုင်လို့ ဘယ်သူ့ကိုမှ မပေးနိုင်လို့ ငါ အရှက်မရှိ လိမ်နေတာလေ.... မိဘဆိုတာ ကိုယ့်သားသမီးအတွက်ဆို မလုပ်ရဲတာမှ မရှိဘဲ....
"ခင်ဗျား ဖွင့်ကြည့်လေဗျာ ရော့..."
သူက မလှုပ်တော့ ဦးကျော်ခေတ်က စာအိတ်ကို ကိုယ်တိုင် ဖွင့်ပြီး result စာရွက်ကို သူ့လက်ထဲကို လာထည့်သည် ဦးအောင်ထွဋ် တုန်ယင်နေသော လက်အစုံဖြင့် စာရွက်ကလေးကို ကြည့်လိုက်တော့ DNA စစ်ထားတဲ့ result ကို မြင်ကာ ခေါင်းငိုက်စိုက် ကျသွားရတော့သည် ....
YOU ARE READING
💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
Romanceကိုယ်က မင်းရဲ့နေမင်းကြီး မဖြစ်ရရင် နေပါစေ ....နေဝင်စားတဲ့လတော့ မဖြစ်ချင်ဘူးကွာ.... ကိုယ့်အလင်းရောင်နဲ့ မင်းရဲ့အကြည့်လေး ခလုတ်တိုက်မိရင်ကို ကျေနပ်ပါပြီ....... Start date _Oct 29 2024 End date _