💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 20ဆက်ဆက် တစ်ကိုယ်လုံး ပူထူကာ တုန်ယင်နေပြီး အသံထွက်လာအောင်တောင် မနည်းဖျစ်ညှစ်ပြီး ပြောနေရသည်.....
ဘာသဘောလဲ ဒါက ဘာသဘောတဲ့လဲ ဆက်ဆက်နဲ့ ကိုကိုက မောင်နှမတွေလေ ဒီလို လုပ်လို့ မရဘူးလေ ရှက်တဲ့စိတ် ကြောက်ရွံ့လှတဲ့စိတ်တွေအပြင် အခု အနေအထားကြီးကို ရင်ခုန် တုန်လှုပ်ရလွန်းနေတဲ့ စိတ်တွေနဲ့ လူက လှုပ်ရှားလို့ မရဘဲ ကျောက်ရုပ်
တစ်ရုပ်လို ဖြစ်နေရလေသည်...."အဟွန်း နမ်းတာလေ အိပ်ပုတ်ကလေးကို နမ်းလိုက်တာ ငယ်ငယ်တုန်းကလည်း ဆက်ဆက် အိပ်ပျော်နေတာကို နှိုးလို့ မရရင် ငါက အခုလို နမ်းပြီး နှိုးနေကျ"
"..............."
ဘာစကားသံမှ ထွက်မလာနိုင်တော့ဘဲ လာမော့ကြည့်နေတဲ့ ဆက်ဆက်ရဲ့ မျက်လုံးလေးတွေထဲမှာ ဒီအနေအထားကို အကြီးအကျယ် တုန်လှုပ်နေရှာတာလေးက အထင်းသား ပေါ်လွင်နေတာမို့ မဟာ သနားသွားရသည် ....
တစ်ကိုယ်လုံး နီရဲတွတ်နေပြီး နှုတ်ခမ်းကလေးတွေကအစ တုန်ယင်နေရှာလေသည် .....သေချာ စိုက်ကြည့်လေလေ မျက်တောင်မခတ်ဘဲ ငေးကြည့်နေချင်စရာ ကောင်းလေ ဖြစ်နေတဲ့ ကောင်မလေးကို ကြည့်ကာ မဟာ့ရင်တွေက ထိန်းလို့ မရအောင်ခုန်ပေါက်လာရတော့သည်.....
လုံးဝကို မဖြစ်သင့်တဲ့ အနေအထားမို့ ရင်ခုန်သံတွေကို မကြားချင်ယောင်ဆောင်ကာ လစ်လျူရှုလိုက်ပြီး သက်ပြင်းရှိုက်လိုက်မိတော့သည်...
လက်ညိုးနဲ့ သူမလေးရဲ့ နဖူးလေးကို တွန်းပစ်လိုက်ရင်း....."ဘာလို့ အဲဒီလောက်တောင် ရှက်နေရတာလဲ ငါက သူစိမ်းလားကွ လာ ဆင်းတော့ "
"ဟင့်အင်း"
"ဟာ မဆင်းရင် ကားပေါ်မှာ ဘာထိုင်လုပ်နေမှာလဲ ပြော မိုးတွေက စိုရွှဲနေတာ ရေမြန်မြန် ချိုးရမယ်လေ လာ ဆက်ဆက်"
ဆက်ဆက်ဘက်က တံခါးကို ဆွဲဖွင့်ပြီး မဟာ ချီဖို့ လုပ်လိုက်တော့......
"မထိနဲ့"
"ဟာ အဟွန်း ငကြောက်ကလေး"
ကားပေါ်ကနေ ချက်ချင်း ဆင်းပြေးသွားတဲ့ ဆက်ဆက်ကို မဟာ သနားမိသလို ရယ်လည်း ရယ်ချင်လှသည်.... သူ့အသားကို သူ လာထိမှာကို တော်တော် ကြောက်သွားရှာတဲ့ပုံပင်...

YOU ARE READING
💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
Romanceကိုယ်က မင်းရဲ့နေမင်းကြီး မဖြစ်ရရင် နေပါစေ ....နေဝင်စားတဲ့လတော့ မဖြစ်ချင်ဘူးကွာ.... ကိုယ့်အလင်းရောင်နဲ့ မင်းရဲ့အကြည့်လေး ခလုတ်တိုက်မိရင်ကို ကျေနပ်ပါပြီ....... Start date _Oct 29 2024 End date _Jan 26 2025