Part _ 19

25K 893 71
                                    

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 19

ထောက်ကြန့်အလွန် တိဂေဟာက ခွေးတွေကို ကာကွယ်ဆေးထိုးပေးဖို့ ရဲရန်သည် ယနေ့ ဆေးခန်းပိတ်ကာ ထွက်လာခဲ့လိုက်သည်....

အရင်က ဒီလို ပရဟိတအလုပ်မျိုးတွေ သိပ်မလုပ်ခဲ့ပေမယ့် အခု ညီမလေးက သူ့အနားမှာ မရှိတော့တဲ့ နောက်ပိုင်း တောင်ဒဂုံက တိဂေဟာနှင့် ထောက်ကြန့် ဒီနှစ်နေရာတွင် အချိန်ပေးကာ လုပ်အားပေးအဖြစ် ကူဖြစ်နေလေသည်...

"ကိုရဲ "

"ဪ မြခက်ခက်နွယ် "

"ကိုရဲက ဒီမှာ လုပ်အားပေးနေတာလား "

"ဟုတ်တယ်ဗျ "

"ခက် သိတောင် မသိလိုက်ဘူး ကိုရဲက ဘယ်နေ့တွေ လာရတာလဲ "

"ကျွန်တော်က တစ်ပတ်တစ်ရက်ပါပဲ ခက်နွယ် "

"ဟုတ်လား ခက်နွယ်ကတော့ ကြာပြီ ကိုရဲ"

"ဟုတ် "

ကိုရဲရန်ထွဋ်ကို ကြည့်လိုက်ရင် အမြဲတမ်းတည်တည်ကြည်ကြည်လေး ဖြစ်ကာ စကားပြောရင်လည်း အေးအေးဆေးဆေးလေး ဖြစ်တာကြောင့် ခက်နွယ်အင်မတန် သဘောကျရလေသည်....

"ဟိုတစ်ခါ မဟာနဲ့ ဆုံပြီး ကိုရဲ ညီမလေးနဲ့ လေးယောက် Breakfast စားပြီးတည်းက မတွေ့ဖြစ်တော့တာနော် ကိုရဲ "

"ဟုတ်လောက်မယ် "

မြခက်ခက်နွယ်ကသာ စကားတွေ အစပျိုးပြီး ရေပက်မဝင် ပြောနေရပေမယ့် ရဲရန်ထွဋ်ကတော့ တိများ၏ ဆေးမှတ်တမ်း ရေးရင် မေးတာကိုသာ​ အေးဆေး လုပ်နေလေသည်....

"ကိုရဲ ပြီးပြီလားဟင် "

"ဟုတ် ပြီးတော့မယ်ဗျ ဘာဖြစ်လို့လဲ ခက်နွယ်"

"ဒီနားမှာ ကော်ဖီဆိုင်လေးရှိတယ် ဓနိမိုးလေးနဲ့ အေးနေတာပဲ နှပ်ကော်ဖီ တအားသောက်လို့ ကောင်းတယ် ခက် တိုက်ပါရစေ "

"အာ မဟုတ်တာဗျာ အားနာစရာ "

" ခက် တိုက်ချင်လို့ပါ ကိုရဲရဲ့ အရင်က ဆေးခန်းတစ်ခုထဲမှာ အတူတူ လုပ်ခဲ့ကြတုန်းက ကိုရဲက ခက်နဲ့ခက်သူငယ်ချင်းကို အများကြီး ကူညီခဲ့တယ်လေ "

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦Where stories live. Discover now