💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 15"ဟော သမီးရေ ဟိုမှာ သမီးကိိုကိုလာပြီ "
မေမေဘေးနားမှာ ထိုင်နေတဲ့ ဆက်ဆက်လေးက မျက်နှာလေး လှည့်လာသောအခါ....
"ဟင် "
ဘာလို့ ဆက်ဆက်က သူမ ဖြစ်နေရတာလဲ.....
သူမက ဆက်ဆက်ဖြစ်နေတာကို သူ့စိတ်က လုံးဝမပျော်ဘဲ ဖြစ်နေရပြီး နီးစပ်ရာခုံတစ်လုံးမှာ ဝင်ထိုင်လိုက်ရင်း..."သူက ဆက်ဆက်ပေါ့လေ"
မဟာ မျက်နှာက လုံးဝ ပြုံးရွှင်မလာဘဲ မျက်နှာကြီးက တည်နေလေသည်...
တကယ်ဆို သူဆက်ဆက်ကို ဘယ်လောက်တောင်မှ လွမ်းဆွတ်တမ်းတခဲ့လိုက်ရသလဲ....ဆက်ဆက်လေးကို ပြန်တွေ့ရရင် ကမ္ဘာပေါ်မှာ အပျော်ဆုံးလူသားက မေမေနဲ့ဖေဖေပြီးရင် သူဟု ထင်ထားခဲ့ပေမယ့် အခုတော့ သူ့စိတ်က လုံးဝ မပျော်နိုင်သလို ထွဋ်မြတ်နိုးဟန်က ဆက်ဆက် ဖြစ်နေခဲ့တာကိုလည်း စိတ်က လုံးဝ လက်မခံချင်သလိုနဲ့ ရင်ထဲမှာ တင်းကြပ်သလိုကြီး ဖြစ်နေတာ ဘာကြောင့်များပါလိမ့်...
"သား ဘာဖြစ်နေတာလဲ"
"သူက ဆက်ဆက်ပေါ့လေ"
"အင်းလေ သားရဲ့ မေမေတို့ သေချာစစ်ဆေးပြီးပြီ ဒါ သား သိပ်တွေ့ချင်နေတဲ့ သားရဲ့ ညီမလေး ဆက်ဆက် "
သားကြီးမဟာက ဘာတစ်ခွန်းမှ မပြောဘဲ သမီးလေးကို ခပ်တည်တည်ကြီး ကြည့်နေတာမို့ .....
"ဟဲ့ သား ဘာကြောင်ကြည့်နေတာလဲ သားပဲ ညီမလေးကို တွေ့ချင်လှချည်ရဲ့ဆို လွမ်းလှချည်ရဲ့ဆို "
"ဗျာ"
မေမေရော ဖေဖေကပါ သူ့ကို အထူးအဆန်း ဖြစ်နေသလိုနဲ့ အကဲခတ်နေကြတာကြောင့် သူ့မျက်နှာကို လုပ်ပြုံးတစ်ခု ဖန်တီးယူလိုက်ရင်း....
"အဟွန်း သူက သားနဲ့ မတည့်ဘူး မေမေ"
"ဟယ် သားကြီး"
"မေမေ ဘာသိလို့လဲ သူနဲ့သားနဲ့က စတွေ့ကတည်းက ဘုနဲ့ဘောက်နော် အလုပ်လာလျှောက်တုန်းကလည်း အင်တာဗျူးမှာ ပေါက်ကရတွေချည်း ထိုင်ဖြေနေတာ ဟိုတလောက တစ်ဖက်ကုမ္ပဏီနဲ့ ပြဿနာ တက်လိုက်တာ မေမေ သိတယ် မဟုတ်လား"
YOU ARE READING
💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
Romanceကိုယ်က မင်းရဲ့နေမင်းကြီး မဖြစ်ရရင် နေပါစေ ....နေဝင်စားတဲ့လတော့ မဖြစ်ချင်ဘူးကွာ.... ကိုယ့်အလင်းရောင်နဲ့ မင်းရဲ့အကြည့်လေး ခလုတ်တိုက်မိရင်ကို ကျေနပ်ပါပြီ....... Start date _Oct 29 2024 End date _