Part _ 45

33.9K 1K 107
                                    

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 45

"ဟင် ...ဘာ ဘာကြီး ကိုကိုက ခုန နို့တွေကို သောက်လိုက်တာ"

"အင်း သားက ကိုယ့်ကို ပြန်ဧည့်ခံတာတဲ့လေ ဟား ဟား အရသာလေးကို ကိုယ်အရမ်းကြိုက်လို့ သောက်ရင်းနဲ့ ကုန်သွားလို့ သားအတွက်တောင် မကျန်တော့ဘူး"

ဆက်ဆက် ရှက်လွန်းလို့  လူက အရည်ပျော်သွားပြီလားလို့တောင် ထင်မိတော့သည် ခုန ကိုကိုသောက်လိုက်တယ်ဆိုတဲ့နို့က သားသား မသောက်တော့ အရမ်း တင်းနေလို့ ဆက်ဆက်ညှစ်ပြီး ဘူးထဲကို ပြောင်းထည့်ထားတဲ့ နို့ရည်တွေလေ...

"ဆက်ဆက်"

"ဆက်ဆက်"

"ဪ ဒီကောင်မလေး ဘာဖြစ်နေတာလဲ နေကောင်းရဲ့လား ဆက်ဆက်"

"............"

ဆက်ဆက်က အသံလုံးဝ ထွက်မလာတော့ဘဲ ရပ်နေတဲ့ နေရာမှာ တစ်ကိုယ်လုံး နီရဲပြီး မလှုပ်မယှက် ငြိမ်နေတော့တာမို့ မဟာကိုယ့်ဟာကိုယ် ဖျော်ဖို့ လုပ်ရသည် .....

"သားက ဒီမှာ ခဏနေခဲ့နော်"

"အင့်ဟင့် ဟင့် ဝါး "

"အာ မငိုနဲ့လေ သားသားရယ် ကဲ လာ  လာ ကယ်လေး ချီထားမယ် မွမွ  အဟား ဒါလေးကို ချစ်လိုက်ရတာကွာ"

"အူး ဝူး ဝူး ဘူး"

"ချစ်လိုက်ရတာ တုန်လို့"

"ခိခိခိ"

"ဟ ..ငြိမ်ငြိမ်နေစမ်းပါ သားသားရာ"

"ဘူး ဗရူး ဗရူး ဘူး ခိခိ"

ဘာဘာလေးက လုံးဝ အချ မခံတာမို့ ရှေ့ဘက်မှာ ချီထားပြီး နို့ဖျော်ဖို့ လုပ်နေတုန်း လက်နှစ်ဖက်ကမဟာ့လည်ပင်းကို တင်းနေအောင် ဖက်ထားပြီး ဘားတန်းခိုသလိုမျိုး လာဆော့နေလေသည်.....

"အဟားဟား ... ဆော့လိုက်တာ ငါ့သားရာ "

ဟော ဒီကိုကို တစ်ယောက်ကတော့ ခေါ်ပြန်ပြီ  သားကို ဘယ်လက်က ထိန်းထားပြီး  ညာလက်တစ်ဖက်ထဲနဲ့ နို့ ဖျော်နေတာက ဘယ်လိုမှ ကြည့်နေလို့ အဆင်မပြေတာမို့ သားကို သွားချီမလို့ လုပ်နေတုန်းသားကို သူခေါ်ချင်သလို ခေါ်နေတာကြောင့်  ဆက်ဆက် စိတ်ညစ်လှသည် ရှက်နေလို့လည်း မပြီးတာမို့.....

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦Where stories live. Discover now