Part _ 42

29.2K 1K 97
                                    

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 42

"မင်းကလေ ဆရာဝန်ဖြစ်တဲ့ ငါ့ထက် ပိိုသိ ပိုတတ်နေတဲ့ အကောင် "

"ဘာဖြစ်လဲကွာ နော် ဘာဘာလေး ...ကယ်ကယ်ကြီး မညစ်ပတ်နဲ့လို့  သားက သန့်သန့်လေးလို့"

ရဲရန်လက်ဆေးပြီး ပြန်ရောက်လာတော့ မဟာက ဘာဘာလေးကို ချီလျက် ဖုန်းပြောနေလေသည်...

မဟာက ဘာဘာ့ကို  ရဲရန်ဆီလက်လွှဲပြောင်းလိုက်ရင်း ....

"ရော့  ငါက အခုပဲ ပြန်ရောက်လာတာ ... Companyက ကို ပြေးရဦးမယ်  ထမင်းတောင် မစားရသေးဘူး ပြေးရတော့မယ် ....သားရေ  ကယ်ကယ်ကြီး ဆီသွားတော့ "

ရဲရန်ရင်ခွင်ထဲက အဖြူတုံးလေးကို ငုံ့နမ်းလိုက်ရင်း ...

"မြန်မြန်ကြီးတော့ သားရာ ...ကယ်ကယ်လေး ပြန်လာရင် မုန့်ဝယ်လာချင်လှပြီကွ  "

"ကဲပါကွာ သွားတော့..."

"ဟေ့ကောင် ရဲရန် ငါ့သားမငိုစေနဲ့နော် ကောင်းကောင်းထိန်း "

"မင်းဘိုးအေကို ငါ့သား "

"ဟေ့ကောင် သားအရှေ့ဆဲရသလား "

"အမြင်ကတ်လို့ဆဲမိတာပါဗျာ နော် သား
မင်း ကယ်လေးက အမြင်ကတ်စရာကြီးနော် ...."

လေးလသားလေးက ဘာတွေနားလည်လဲတော့မသိ တခိုးခိုးတခစ်ခစ်ရယ်လိုက်သေးသည်....

"ဟေ့ကောင် ဘာဘာ မင်းအန်ကယ်လေးကလေ အဲဒီကောင် ဘရောင်ချိန်း သိလား "

"ဘာတွေ ဘရောင်ချိန်းနေတာလဲ ကိုကြီးရဲ့ "

"ဘရိန်းချောင်နေတာကို ပြောတာ "

"ဘယ်သူလဲ "

"မဟာလေ "

ညီမလေးက သူပြောလိုက်တဲ့စကားကြောင့် ပြုံးနေလေသည်....

"သားကို ပေးလေ ကိုကြီး ချီထားတာ မညောင်းဘူးလား သူကိုယ်က နင့်နေတာပဲ "

"မလေးပါဘူးကွာ နော်  ကယ်ကြီးမှာအားမှ ဒီတူလေးကို အဝလာချစ်ရတာကို သားမေမေက တိုနေတယ်ကွာ "

"အမယ်လေး မတိုပါဘူးနော်   ကိုကြီးလေးမှာစိုးလို့ "

"ဖေဖေ့ကို ဘာလို့ မခေါ်လာတာလဲ ကိုကြီး "

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦Where stories live. Discover now