💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 52"အမှိုက်မပုံရ .. ပုံ အုပ်ချုပ်ရေးမှူးတဲ့ "
"အင်းလေ အမှိုက်မပြစ်စေချင်လို့ ရေးထားတာလေ နုလေးရဲ့"
"ပုံ အုပ်ချုပ်ရေးမှူးဆိုတော့ သူကျတော့ ပုံလို့ရတယ်ပေါ့လေ ဟုတ်လား စိတ်ကလည်း ပုပ်လိုက်တာ"
"ဟာ နုလေး ငါ့မိန်းမကတော့ လုပ်ပြီကွာ"
"ဟားဟားဟား "
"ဘာရယ်တာလဲလို့ နုပြောတာ မဟုတ်လို့လား"
"ဟုတ်တယ် ဟုတ်တယ် မှန်တယ် အစ်မကြီးနုပြောတာ မှန်ပါ့ဗျား"
"တီ တီ"
ကိုသီဟတို့ ပြောနေကြတာကို မဟာ အကုန်ကြားနေရတာမို့ ခပ်တိုးတိုးရယ်နေမိရင်း ခေါင်းကို ကားခေါင်းအပြင်ဘက်ကို အနည်းငယ် ထွက်လိုက်ပြီး.....
"ဒီလင်မယား ဘာတွေ မှန်နေကြတာလဲဗျ "
"ဟာ .. မဟာမင်းခတ်"
ကိုသီဟက အခုမှ လှည့်ကြည့်လာပြီး သူ့ကိုမြင်တော့ အံ့ဩနေလေသည်။
"အစ်ကိုတို့ဆီလာတာ ဟိုရက်က ကျွန်တော် ဖုန်းဆက်ထားတယ်လေ"
"ဪ အေးအေး ငါ ငါ့မိန်းမကို ပြောထားပြီးသား လာ မဟာ လာ နည်းနည်း လေး ဆက်မောင်းလိုက် ရှေ့က ခြံပဲ"
"ဟုတ်ကဲ့"
"သဲ ပေး သားသားကို ကိုကို့ကိုပေး"
ကားရပ်ပြီးတော့ ဆက်ဆက်ချီထားတဲ့ သားကို သူ လက်လှမ်းလိုက်သည်။
"ရပါတယ် ကိုကိုရဲ့"
"ပေးစမ်းပါကွာ ဒီကောင်ကြီးက ကျစ်နေတာပဲ နောက်ဆို သူ့ကို အကြာကြီး မချီနဲ့ သဲ ခါးနာလိမ့်မယ်"
ခြံတံခါး အဆင်သင့် ဖွင့်ထားပေးတာမို့ ခြံထဲကို ဝင်သွားလိုက်သည်။တစ်ထပ်တိုက်ကလေးက သေးသေးကျစ်ကျစ်နဲ့ ချစ်စရာလေးဖြစ်သည်။
"လာ မဟာ အထဲဝင် ညီမလေးလည်း လာ"
"ဟုတ်ကဲ့"
ဧည့်ခန်းထဲမှာ ဝင်ထိုင်လိုက်တာနဲ့ အအေးနဲ့ အသီးအနှံက အဆင်သင့် ချထားပြီး ဖြစ်လေသည်။
YOU ARE READING
💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
Romanceကိုယ်က မင်းရဲ့နေမင်းကြီး မဖြစ်ရရင် နေပါစေ ....နေဝင်စားတဲ့လတော့ မဖြစ်ချင်ဘူးကွာ.... ကိုယ့်အလင်းရောင်နဲ့ မင်းရဲ့အကြည့်လေး ခလုတ်တိုက်မိရင်ကို ကျေနပ်ပါပြီ....... Start date _Oct 29 2024 End date _