Part _ 46

28.5K 1.1K 119
                                    


💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 46

ဆက်ဆက်နဲ့ ကိုကြီးဆီကနေ အာမေဋိတ်သံတွေ တစ်ပြိုင်ထဲ ထွက်လာတော့သည်။ဖက်ပြီး အိပ်ပျော်နေကြတဲ့ သားသားနဲ့ ကိုကိုရဲ့ မျက်နှာမှာ အနီရောင် အစက်တွေ  အများကြီး ထွက်နေတာကို မြင်လိုက်ရတာမို့ ဆက်ဆက်တစ်ကိုယ်လုံး တုန်သွားရပြီး လူက ပူခနဲ  ဖြစ်သွားရတော့သည်။

"သား...သားသား"

"အဟင့် ဟင့် သားသား..မေမေ့သားလေး ... ကိုကိုရေ"

ကိုကို မြေပဲ allergic ဖြစ်တုန်းက ဆက်ဆက်ဘယ်လောက်ထိ စိတ်ပူခဲ့ရလဲဆိုတာ ဘယ်သူမှ သိိမှာ မဟုတ်၊  အခုက သားရော ကိုကိုပါ ဖြစ်နေကြတာလေ။ မျက်စိထဲမှာ ဖျောက်မရတဲ့ ကိုကိုနဲ့ သားလေးရဲ့ ပုံရိပ်ကြောင့် ဆက်ဆက်ရင်ထဲမှာ ပူလောင်နေကာ အခန်းထဲကနေ အရူးတစ်ပိုင်း ပြေးထွက်လာခဲ့မိတော့သည်။

"သားလေးရေ အဟင့် ဟင့်"

"ဟဲ့ ဟဲ့ သမီးလေး ဒါက ဘယ်လို ဖြစ်လာတာတုံး"

"အဟင့် ဟင့်"

သမီးက အခန်းထဲကနေ ပြင်မရအောင် ပျက်နှာတဲ့ မျက်နှာနဲ့ အခန်းထဲကနေ အရူးတစ်ပိုင်း ပြေးထွက်လာပြီး အိမ်ရှေ့ကို ပြေးထွက်သွားတာမို့ အနောက်ကနေ ပြေးလိုက်ရသည်။မြတ် အော်နေတာကို ကြားတဲ့ပုံတောင်မရ။လက်ကို အမိအရ ဖမ်းဆွဲလိုက်ပြီး...

"သမီးလေး .. သတိထားစမ်း ဘာဖြစ်တာလဲ...အခု ဘယ်ကိုလဲ ဘာတွေ ဖြစ်နေတာလဲ မေမေ့ကို ပြော"

"အဟင့်ဟင့် သားသားနဲ့ကိုကို နေမကောင်းလို့ မေမေ "

"ဟင် ဟုတ်လား..သားတို့က အခု ဘယ်မှာလဲ ဘာဖြစ်တာလဲ"

"ဟိုဘက်အိမ်မှာ မေမေ.. အဟင့် ဟင့် မေမေ့ ဆက်ဆက်ကို လွှတ် လွှတ်ပါ ...ဘာလို့ ဆက်ဆက်ကို အမြဲတမ်း တားဆီးချင်နေရတာလဲ"

"ဟင်"

သမီးက သူ့လက်ကို အတင်းဆောင့်ရုန်းရင်း အော်ထည့်ပစ်လိုက်တာမို့ ဒေါ်မြတ်လေး အလန့်တကြားနဲ့ သမီးရဲ့ လက်တွေကို လွှတ်ပေးလိုက်မိတော့သည် ....

"ဟင် "

သမီးလေးက လက်ထဲမှာ ဖုန်းတစ်လုံးသာ ကိုင်ထားပြီး ဘာမှမပါ။အိမ်ကကားကို သတိတောင် ရရဲ့လားမသိ။ကမူးရှုးထိုးနဲ့ ပြေးထွက်သွားတဲ့ပုံက သမီးလေးရဲ့ စိတ်ထဲမှာ သားနဲ့ မြေးလေးကလွဲရင် ဘာဆိုဘာမှ မရှိတော့ မမြင်တော့တဲ့ပုံမျိုး။

💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦Where stories live. Discover now