💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
__________________________________________
Part _ 21လူ့စိတ်ဆိုတာကလည်း ဆန်းကြယ်လိုက်တာနော် ကိုကြီးနဲ့ ဖေဖေက အရင်းအချာတွေ မဟုတ်ပေမယ့် ဆက်ဆက်ငယ်ငယ်ကတည်းက နေခဲ့ရတဲ့သူတွေဆိုတော့ သူစိမ်းပါလို့ ဘယ်လိုမှကို ခံစားလို့မရ....
ဖေဖေထွဋ်ကိုကျတော့ ဆက်ဆက် ဖြစ်သမျှ ကြုံသမျှ ခံစားရသမျှကို ရင်ဖွင့်ရဲ ပြောပြရဲပေမယ့် တကယ့်အဖေရင်းကိုကျတော့ အဲဒီလိုတွေ မပြောရဲ အဖေနှစ်ယောက်လုံးက ဆက်ဆက်ကို ဖခင်မေတ္တာစိတ်တွေအပြည့်နဲ့ အတူတူ ချစ်ကြတာကိုလည်း ဆက်ဆက် သိနားလည်ပါသည် ....
အဲဒါ အပြင် ကိုကြီးအပေါ်ကိုလည်း မထူး တကယ့်အစ်ကိုရင်းလို ချစ်တော့ ရင်ခုန်စိတ်လှုပ်ရှားဖို့ဆိုတာ ဒီတစ်သက် ဘယ်တော့မှ ဖြစ်လာမှာကိုမဟုတ်.....
ဘာမှ မတော်စပ်ပါဘူးလို့ ဒီအရွယ်ရောက်မှ သိရပေမယ့် တစ်သက်လုံး အရင်းလို့ ထင်ခဲ့တော့
ကိုကြီးနဲ့ဆို ဆက်ဆက်ရဲ့ စိတ်တွေက အမြဲတစေ ရိုးသားနေခဲ့သည်.....
ကိုကြီးကလည်းဆက်ဆက်အပေါ်တကယ့်ညီမရင်းလေးတစ်ယောက်လိုရိုးရိုးသားသားဆက်ဆံခဲ့တာကြောင့်လည်းပါလိမ့်မည်....စတွေ့တွေ့ချင်းမှာ သူစိမ်းလို့ ထင်မိတဲ့သူက အစ်ကိုရင်းဖြစ်နေကာ အဲဒီအစ်ကိုရင်းအပေါ်ကိုမှ ဆက်ဆက်ရဲ့ စိတ်တွေက ဖောက်ပြားနေသတဲ့ ....
"ဟင့် အဟင့် ဟင့် "
"ရှက်လိုက်တာနော် ဆက်ဆက်ရဲ့ စိတ်တွေကို ဘယ်လို ဆုံးမရမလဲ အဟင့်ဟင့် မေမေရေ"
မေမေ့မျက်နှာကို မြင်ယောင်လာတော့ ဆက်ဆက် ရင်ထဲမှာ ပိုပြီးတော့ လေးလံလာရသည်။ ဆက်ဆက် အခုလို ဖြစ်နေတာ သိရင် မေမေ ဘယ်လောက်တောင်များ စိတ်ဆင်းရဲရှာမလဲ ။
"အဟင့် ဟင့်"
ဆက်ဆက် အားရအောင် ငိုပြီးတော့မှ ဘေစင်မှာ မျက်နှာသစ်ကာ ထွက်လာခဲ့သည် ။ဆက်ဆက်ကြာနေလို့ လိုက်လာပုံရတဲ့ ကိုကို့ကို မြင်တော့ တံခါးဖွင့်ကာ ချက်ချင်း ပြန်ဝင်နေလိုက်သည် ။
ရုတ်တရက် ကြည့်ရင် မသိသာပေမယ့် သေချာ ကြည့်ရင် ဆက်ဆက်မျက်လုံးတွေက ဖောင်းနေတာလေ ဆက်ဆက် ငိုတာကို ကိုကို သိရင် ဆက်ဆက်ရှက်တာနဲ့ သေမည် ထင်ပါသည်။
_
_
_
_
_
ကားနှစ်စီးသည် ခြံတစ်ခုထဲဝင်ဖို့ ခေါင်းချင်းဆိုင် ဖြစ်သွားတော့ တစ်ဖက်က မောင်းသူကို နောက်တစ်စီးက သိနေသည့်အလား အနည်းငယ် နောက်ဆုတ်ပေးလိုက်လေသည်...

YOU ARE READING
💦ဤမျက်ရည်စက်လေး....ခရီးဆုံးသည်အထိ💦
Romanceကိုယ်က မင်းရဲ့နေမင်းကြီး မဖြစ်ရရင် နေပါစေ ....နေဝင်စားတဲ့လတော့ မဖြစ်ချင်ဘူးကွာ.... ကိုယ့်အလင်းရောင်နဲ့ မင်းရဲ့အကြည့်လေး ခလုတ်တိုက်မိရင်ကို ကျေနပ်ပါပြီ....... Start date _Oct 29 2024 End date _Jan 26 2025